ဩဂုတ်-၂၄၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်ပေးနေသလို လူငယ်များ ပြန်ပေးဆွဲ၍ စစ်မှုထမ်းရန်အတွက် ရောင်းစားနေသော ရန်ကုန်မြို့၊အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါများကို ပြင်းအားမြင့် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“အဲဒီ့ကောင်(အုပ်ချုပ်ရေးမှုးဖိုးဇင်)က တခြားရပ်ကွက်ကကောင် ၊ ကျင်ဟုတ်ရဲ့ တပည့်ရင်း ၊ အမတ်တောင်ဝင်ရွေးဖို့ လုပ်နေတယ်။ အဲဒီ့ကောင်က အတိုလဲကိုင်ထားတယ်။ လူမိုက်တသိုက်ဘေးကရံပြီးလူငယ်တွေကိုဖမ်းတယ်။”ဟု၎င်းကပြောသည်။
အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများရှိနေချိန် ယနေ့( ဩဂုတ်၂၃) ည ၁၀ နာရီခန့်တွင် Yangon Armyနှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ပြင်းအားမြင့်လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်မှတ်အား ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
“ထိခိုက်မှုကတော့ရှိတယ်။အကောင်ရေဘဲတွက်ရမှာ။ “ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
မြို့သစ်(ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖိုးဇင်သည် ရပ်ကွက်ရုံး၌ ပျူစောထီးလူမိုက်များနှင့် လူငယ်များအား ပေါ်တာဆွဲနေသည့် အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု အနောက်ပိုင်းခရိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
“သူ့ရပ်ကွက်ရုံးကအချုပ်ခန်းထဲထည့်တယ်ပြီးရင်စစ်မှုထမ်းလိုတဲ့နေရာတွေကိုပြန်ရောင်းစားတယ်။” ဟု လူငယ်များကို ပေါ်တာဆွဲ၍ ရောင်းစားသည့်အကြောင်းနှင့်ပတ်သက်ပြီး အထက်ပါတာဝန်ရှိသူက ပြောသည်။
Yangon Armyနှင့် အနောက်ပိုင်းခရိုင်ပကဖ တို့သည် ဩဂုတ် ၃ ရက်ကလည်း ရွေးကောက်ပွဲအတွက်ဆောင်ရွက်နေသည့် ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိအစောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။
ထို့ပြင် တရားမဝင်ရွေးကောက်ပွဲနှင့် ပါဝင်လုပ်ဆောင်နေသူများအားဆက်လက် ၍အပြင်းအထန်တိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့များကသတိပေးထားသည်။
