သြဂုတ်−၂၅၊၂၀၂၅/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက်က ရတနာပုံတော် လှန်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၈)သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
ဒေသန္တရစစ်ရေးအခြေနေအရ သင်တန်းဆင်းပွဲကို အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်သစ်ရဲဘော်(၂၂)ဦး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
သင်တန်းမှာ အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူ ဟာ၊ စစ်ဗျူဟာ စတဲ့ စစ်ဘက်ဆိုင်ရာသင်ခန်းစာများအပြင် တပ်ဖွဲ့ရဲ့နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည် ဆောက်ရေးအတွက် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင်ရဲဘော်တဦးကဂုဏ်ပြုအမှာစကားပြောကြားခဲ့ခြင်း၊ သင်တန်းအတွင်းဆုရရှိသူရဲဘော်များကို တပ်ရဲ့ တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုပေး အပ်ခဲ့ခြင်းများနဲ့ ဗဟိုကော်မတီဝင်အား သင်တန်း ဆင်းရဲဘော်များစစ်ကြောင်းမှ ချီတက်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာအခြေစိုက်ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့မန္တလေးတိုင်းတွေမှာ ဒေသတွင်းမဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။
