close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်း ထပ်မံတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာသို့ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို တတိယအကြိမ်မြောက်သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တင်ယာဥ်တစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၏ ဒူရကစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ - DNLA

သြဂုတ်-၂၅၊ ၂၀၂၅။ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာသို့ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို တတိယအကြိမ်မြောက်သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တင်ယာဥ်တစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၏ ဒူရကစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သြဂုတ် ၂၁ ရက် မနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ရဲ့ ယာဥ် ၁၀စီးပါစစ်ကြောင်းကို ၁၂နာရီကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းကတော့ သင်္ကန်းတုန်းရွာထဲ ရှေ့မတိုးဘဲ ​ရှိနေပါသေးတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွင်းထောက်လှန်းရေးသုံးဒရုန်းနဲ့ အရင်ကင်းထောက်ပျံသန်းပြီး K8W အမျိုးအစားတိုက်လေယဥ်နဲ့ ဗုံးသီးခြောက်လုံးကြဲ ချခဲ့ပါတယ်”လို့ တိုက်ခိုက်မှုအခြေအနေအား ဒူရကစစ်ကြောင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်တင်ဆောင်လာတဲ့ယာဥ်တစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရန်သူ့ထံက MA1 သေနတ် နှစ်လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါဗုံးသီးငါးလုံး၊ လက်ပစ်ဗုံးငါးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေရရှိခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကိုတော့ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF၊ ကျားသစ်နက်၊ ဘီလောင်းပြောက်ကျား တပ်ဖွဲ့၊ သံမဏိပြောက်ကျား(နဘယံ)၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်ယာဥ်တန်းနဲ့ စစ်ကြောင်းကိုDNLAရဲ့ ဒူရကစစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလည်း နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကားသုံးစီးကို ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းအချို့လည်း ရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်တပ်ယာဥ်နှစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီးမီးလောင်ပေါက်ကွဲခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadowက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းအား မုံရွာ - ချောင်းဦးလမ်းပိုင်း၌ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပဒေသာမိုင်း ၁၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။