သြဂုတ်-၂၆၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်မှာ စစ်တပ်ကပါရာမိုတာ(စက်တပ်လေထီး)နဲ့ ဗုံးချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပါတယ်။
သြဂုတ် ၂၅ ရက် မနက် ၂ နာရီလောက်ကမိတ္ထီလာမြို့ပေါ်ကနေတက်လာတဲ့စက်တပ်လေထီး ၅ စီးဟာ မလှိုင်မြို့နယ်မြောက်ခြမ်းနဲ့အရှေ့မြောက်ခြမ်းကျေးရွာတွေဘက်ကို ၃ နေရာခွဲပြီး လေကြောင်းကနေ ဗုံးသီး ၁၅ လုံး ကြဲချကာ တိုက်ခိုက်ခဲ့ပါတယ် ။အဲဒီတိုက်ခိုက်မှုကြောင့် သက္ကယ်ကျင်းကျေးရွာမြောက်ဘက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးပြီး ကျေးရွာက လျှပ်စစ်မီးကြိုးတွေလည်း ပျက်စီးသွားကြောင်း လူထုသတင်းကွန်ရက်-မလှိုင်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“တိုက်ပွဲမရှိပါဘူး။ နဂိုလည်းမရှိခဲ့ပါဘူး။ သက္ကယ်ကျင်းရွာဆိုသူတို့အကြမ်းဖက်စစ်တပ်ကနှစ်ချီတပ်စွဲခဲ့တဲ့နေရာတွေပါ။PDFဝင်နေတာလည်းမရှိပါဘူး။အခုအကြဲခံရတဲ့ဘုန်းကြီးကျောင်းဆို သူတို့ နှစ်နဲ့ချိီ တပ်စွဲခဲ့တာ ယခင်က။”လို့အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အခြားတနေရာက တောထဲနေတဲ့ တန်းသမားမိသားစု တဲအနီး ဗုံးကျရောက်ပေါက်ကွဲပြီး နွားတကောင်သေဆုံးခဲ့ကြောင်း၊လူအထိခိုက်တော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာမလှိုင်နယ်အတွင်းပါရာမိုတာနဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေကြောင်း၊ ပြည်သူတွေအနေနဲ့ စက်တပ်လေထီးလာပြီဆိုရင် ဓာတ်မိီးနဲ့ ထိုးကြည့်တာ၊ မီးထထွန်းတာမျိုးတွေ မပြုလုပ်ကြဖို့ မလှိုင်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သူတွေက သတိပေးပါတယ်။
