close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်က နေအိမ်အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တခု။ ပုံဟောင်း

သြဂုတ်-၂၆၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင် အား ၂၀၀ ခန့်ပါဝင်ပြီး သြဂုတ် ၂၂ ရက်ကစလို့ မိုးရွှေဂူရွာနဲ့ စော်ဖျားရွာတွေကို ဝင်ရောက်စစ် ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီကျော်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်တင်ကားသုံးစီး၊ ကျင်းကားခြောက်စီး၊ ဒိုင်နာတစ်စီးအပြင် ဖောကားလေးစီးနဲ့ ထားဝယ်မြို့ပေါ်ကို တပ်ပြန်ဆုတ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုထိ ပြန်ထွက်နေတုန်းပဲဗျ။ FAW ကား ၄ စီးတော့ ထား၀ယ်ပြန်၀င်သွားပြီ။ ကျန်သေးတယ် တချို့” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းလှုပ်ရှားမှုအပေါ် ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အခုလိုတပ်ပြန်ဆုတ်ချိန်မှာ နေအိမ်တွေကနေ ဖောက်ထွင်းခိုးယူထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဖောကားလေးစီးနဲ့ သယ်ဆောင်ပြီး ထားဝယ်မြို့ပေါ်ကို မောင်းဝင်သွားတယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

နေအိမ်တွေ မီးရှို့ ဖောက်ထွင်းခံရတဲ့ မိုးရွှေဂူနဲ့ စော်ဖျားရွာကို မဝင်ရောက်ခင်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေထိခိုက်မှုရှိ မရှိဆိုတာကိုတော့ အပြည့်အစုံမသိရသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ထားဝယ်အခြေစိုက် ခလရ (၂၅)တပ်ကနေ ရောက်ရှိလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကနဦးရောက်နေတဲ့ စစ်ကြောင်းတစ်ကြောင်းလည်း ထပ်ရှိသေးတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း သဲကုန်းမြို့နယ်အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ကာ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသခံများကပြောသည်။

သတင်း

ကျူးလွန်သူဟာလက်​ဝှေ့သမား​ဟောင်းဖြစ်ပြီး လုံခြုံ​ရေးအလုပ်ပြုတ်လို့စိတ်ဆိုပြီး ခရီးသွား​တွေကိုတိုက်ခိုက်မိတာလို့ ရဲဆီထွက်ဆို

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံနှင့် ကာကွယ်ရေးရဲဘော်အချို့က ပြော သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ တခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။