close
Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ ဗုံးကြဲ

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှေ့တန်းတနေရာတွင် တွေ့ရသော KIA,KPDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Sirinda

ဩဂုတ်−၂၆၊၂၀၂၅။လူအေး/People’s Spring

ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့်လမြန်ကျေးရွာကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လမြန်ကျေးရွာဘက်ကိုယနေ့(ဩဂုတ် ၂၆ရက်)နံနက်ပိုင်းကစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲသွားခြင်းဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။

” မြေပြင်ကနေမတက်ရဲတော့ လက်နက်ကြီးနဲ့လေကြောင်းပစ်နေတာ။ လမြန်ရွာက ရာဘာတောဘက်ကိုမဲနေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်‌နေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ကူးတံတားခြားလျက် မြို့ချင်းဆက်နေသော မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည်ဟု သတင်းရရှိသည်။

KIAနှင့်KPDFများထိန်းချုပ်ထားသည့်လမြန်ရွာကိုစစ်ကောင်စီက လက်နက်ကြီးရော လေကြောင်းမှပါ မကြာခဏ ပစ်ခတ်‌နေသည်။

ထို့အပြင် ပြန်လည်ထ်ိုးစစ်ဆင်ရန်အတွက် တင့်ကားများလည်း ပြင်ဆင်ထားသည်ကိုတွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်၂၄ရက်ညကမြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှနေ၍ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ရာ ရမ်ပူရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ဖားကန့်နှင့် ဗန်းမော်မြို့တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တွင်လက်ကျန်တပ်စခန်းများအားလုံးသိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်က ကြိုးပမ်းနေသလို စစ်ကောင်စီတပ်ကလည်း ယခင် ဆုံးရှုံထားသည့် နေရာများ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရာ အပြန်အလှန် ထိုးစစ်ဆင်မှုနှင့်အတူ တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေသည်ဟု ဆိုသည်။

“ဗန်းမော်ဘက်တော့တိုက်ပွဲတော်တော်ပြင်းထန်တယ်။ ရက်ရက် စက်စက် ပြင်းထန်တယ်နော်။ ဒီနေ့လည်း လေကြောင်း ပစ်ကူ က ၁၃ကြိမ်ရှိတယ်။ စကခ(၂၁) ဝန်းကျင်မှာပဲ။ စကခ(၂၁)နဲ့ ၂၃၆၊ သံချပ်ကာ တပ်ရင်း အဲဒီနားတ၀ိုက်မှာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခလရ(၂၃၆)တပ်ရင်းနှင့် သံချပ်ကာတပ်ရင်းကို KIAက ယခင်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းအဖွဲ့သည် (၆၀)ကျော်အရွယ်အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ကထပ်မံအင်အားဖြည့်နေပြီး မြေပြင်စစ်ကြောင်းများ လှုပ်ရှားလာ၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုး သတ်ဖြတ်နေလို့ မြစ်ကြီးနား-မန္တ​လေး ခရီးသွားကားတွေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။