close
Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စစ်တပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကို လိုက်ပစ်လို့ နေအိမ်ဝင်းထဲ အဝတ်လှန်းနေတဲ့ ပြည်သူတစ်ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်တပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကို သေနတ်နဲ့လိုက်ပစ်လို့ နေအိမ်ဝင်းထဲ အဝတ်လှန်းနေတဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသူ၏ နာရေးအား ပြင်ဆင်ထားစဥ်။ ဓာတ်ပုံ- InfoCommitteeYesagyo

သြဂုတ်-၂၇၊ ၂၀၂၅။ ဇေအောင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်တပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကို သေနတ်နဲ့လိုက်ပစ်လို့ နေအိမ်ဝင်းထဲ အဝတ်လှန်းနေတဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသူ၏ နာရေးအား ပြင်ဆင်ထားစဥ်။ ဓာတ်ပုံ- InfoCommitteeYesagyo

သြဂုတ် ၂၆ ရက် မနေ့ နေ့လယ် ၂ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၇၊ နှစ်ထောင်ပြည့်ရပ် တိလောက ဘုန်းကြီးကျောင်းအနီးမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်စီး လူတစ်ယောက်ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ကယ်စီးသူမှာ လွတ်မြောက်သွားခဲ့ပေမဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ နေအိမ်ဝင်းထဲက အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်းဆိုသူကို ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူ(သေဆုံးသူ)က အိမ်ဝင်းထဲ အဝတ်လှန်းနေတာ။ ဆိုင်ကယ်သမားလိုက်ပစ်တာကို အိမ်ထဲနေတဲ့သူမှန်ပြီးဆုံးတာ”လို့ ရေစကြိုဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂၄ ရက်ကလည်း ရေစကြိုမြို့ပေါ်က စစ်အုပ်စုက လက်နက်ကြီး ၃ လုံး ရမ်းသမ်းပစ်ခတ်ခဲ့လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က အောင်ချမ်းသာရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ရေစကြိုမြို့ပေါ်က စစ်အုပ်စုဟာ အခုလိုပဲ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူတွေထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ ဒါ့အပြင် ဆိုင်ကယ်စီးနင်းသူတွေကိုလည်း ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိကြောင်း ရေစကြိုဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၂ နှစ်သားကလေးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဘုရားပြင်ဖို့ဆိုပြီး အကြောင်းပြကာ အိမ်ဆောက်ဖို့အတွက် သယ်လာတဲ့ ပျူခေါင်းဆောင်ရဲ့ ဘိလပ်မြေကားကို PDF တွေက သိမ်းဆည်းလိုက်ပါတယ်။

သတင်း

တော်လှန်ရေးအရှိန်မြှင့်ရန်ဆိုကာ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊မြိုင်နှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့များ ပူးပေါင်းမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ရေစကြို မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဧပြီ ၁၅ ရက်)တွင် အသိပေးထုတ်ပြန်သည်။