သြဂုတ်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါတိုက်ပွဲမြေပြင်ရဲဘော်အချို့က ပြောသည်။
ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေသည့် စစ် ကောင်စီတပ်ကို သြဂုတ် ၂၆ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
” ခတွေ သေတယ်။ ဒဏ်ရာရသူများတယ်။ဒရုန်း၂စီး ဖျက်စီးနိုင်ခဲ့တယ်။နောက်ဆုံး စစ်ဦးချိုးနိုင်ခဲ့တယ်။ ဒါဟာ တပ်ပေါင်းစုရဲ့အားစည်းလုံးမှုရဲ့အားပဲ”ဟု ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ရဲဘော်တဦးက ပြောသည်။

Public Service Announcement
ဩဂုတ် ၂၅ရက်ကလည်း ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းတခုကို ဒရုန်း ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး ခြောက်ဦးဝန်းကျင်ဒဏ်ရာရခဲ့ကြောင်းလည်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ရဲဘော်တဦးက အသိပေးသည်။
“ဒီကောင်တွေ အောင်းတဲ့ နေရာထဲ ဒရုန်းဗုံးက တည့်တည့်ကျတာ။အလောင်းဆို ဆိုင်ကမ်းနဲ့ပါထမ်းပြီး ပြေးကြတာ။နောက်ပြီး ဒဏ်ရာရတဲ့သူတွေ များတယ်”ဟု ၎င်းက ပြောသည်။
၂၀၂၃နိုဝင်ဘာကစ၍ တော်လှန်ရေးအင်အားစုများ ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ချိတ်ဆက်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။
“ဖရူဆို- ဒီးမော့ဆို လမ်းမကြီးတလျောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတုန်းပါ”ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ယမန်နေ့က ပြောထားသည်။
ယခု ဩဂုတ်လဆန်းပိုင်းက ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်းနှစ်ခုပူးပေါင်းထားသောအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသည် ဒီးမော့ဆိုမြို့တွင်းသို့ တိုးဝင်နိုင်ခဲ့ပြီးနောက် ဖရူဆိုမြို့နယ်ဘက်သို့ပါ စစ်ကြောင်းထပ်ဖြန့်လာခြင်း ဖြစ်သည်။
ဖရူဆိုမြို့နယ်၌ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ခြေမြန်တပ်ရင်း များဖြစ်သောခမရ (၅၃၁)နှင့် ခမရ(၄၂၈) တပ်ရင်းများလည်း ရှိသည်။
