close
Connect with us

Hi, what are you looking for?

သတင်း

PDF အထူးတိုင်းစစ်ဌာနက မဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးများအရှိန်မြှင့်မည်ဟု ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။

PDF အထူးစစ်ဆင်ရေးအဖွဲ့ SOFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SOF

ဩဂုတ် ၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။

တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာများ၊တပ်ရင်းများနှင့် တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROs တပ်ဖွဲ့များ၊ LPDF များနှင့်အတူ လက်တွဲသွားမည်ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှုပြုလုပ်၍ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော တိုင်းစစ်ဌာန ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စုဖွဲ့မှုကတော့ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ MOD ကွပ်ကဲမှုအောက်က PDF တပ်ရင်း ဗျူဟာတွေ နဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ပါတယ်။တိုင်းရင်းသား တော်လှန်ရေးအင်အားစုနယ်မြေတွေ လွတ်မြောက်ရေးမှသည်

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးတွေအတွက် အဓိကစုဖွဲ့တည်ဆောက်ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပါတယ်။လက်ရှိစစ်ရေးလှုပ်ရှားမှုတွေကတော့ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ ရှိနေပါတယ်”ဟုအထူးတိုင်းစစ်ဌာနသတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

NUG မှ တာဝန်ရှိသူ တဦးကလည်း”စစ်ဌာန ၂ခု​ပေါ့​နော် ။ တနသာ်ရီတိုင်းစစ်ဌာန နဲ့ အထူးတိုင်း စစ်ဌာန ဆိုပြီး​တော့ စစ်ဆင်​ရေးနယ်​မြေ (၁ )ထဲမှာပါတယ် ။အဲထဲမှာမှ အထူးတိုင်းစစ်ဌာနထဲမှာ ကရင်ပြည်နယ် ၊မွန်ပြည်နယ် နဲ့ ရန်ကုန် အ​ရှေ့နဲ့ ​​တောင်ပိုင်း​တွေပါ ပါတယ် ဗျ”ဟုပြောသည်။

ယနေ့တွင် အထူးတိုင်းစစ်ဌာန Facebook Page (https://www.facebook.com/share/p/1C6uybt76C/)ကို မိတ်ဆက်ခဲ့ပြီး တိုင်းစစ်ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအား ပြည်သူလူထုသို့ အချိန်နှင့်တပြေးညီ တရားဝင်ထုတ်ပြန်သွားမည်ဟု အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။