■အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်ငန်းတွေ နဲ့ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေအခက်တွေ့
သြဂုတ်-၂၇၊၂၀၂၅။ဇော်ဝင်း၊မေ /People’s Spring
ပြည်တွင်းမှာကုန်ပစ္စည်းတွေကို အိမ်အရောက်ပို့ပေးတဲ့ Delivery လုပ်ငန်းတွေကို ပစ္စည်းမပို့ရမယ့်ဒေသနဲ့ကုန်ပစ္စည်းစာရင်းတွေကို စစ်ကောင်စီကထပ်မံကန့်သတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တာအပါအဝင် လေကြောင်းဝင်ပေါက်ကနေပါ ကုန်ပစ္စည်းတင်သွင်းမှုတွေ ကန့်သတ်ပြီးနောက်ပိုင်း Delivery လုပ်ငန်းတွေအပေါ် တားမြစ် ကန့်သတ်ချက်တွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့အခုလိုကန့်သတ်မှုတွေကြောင့်ကုန်ပစ္စည်းရောင်းချသူတွေနဲ့ သယ်ယူပို့ ဆောင် ရေးလုပ်ကိုင်သူ တွေအားလုံး အခက်ခဲဖြစ်နေတယ်လို့လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။
စစ်ကောင်စီက ညွှန်ကြားတဲ့လုပ်ငန်းစုတွေအရ ပြည်တွင်းဒေသအနှံ့ ပို့ဆောင်ရေးဝန်ဆောင်တဲ့ Royal Express ၊Wepozt Delivery နဲ့ Ninja Van လုပ်ငန်းတွေလို့ တွေ့ရပါတယ်။
ပို့ဆောင်တဲ့ဝန်ဆောင်ရေးလုပ်ငန်းတခုချင်း ကန့်သတ်ချက်တွေအရ Wepozt Deliveryက ပဲခူး တိုင်းက ပေါင်းတည်၊ပြည်၊တောင်ငူ၊ရွှေတောင်၊ကြို့ပင်ကောက်၊နတ်တလင်း၊လက်ပံတန်းအပါမဝင် မုံရွာ၊ရွှေဘို၊မော်လမြိုင်၊မုဒုံ၊ချောင်းဆုံ၊ကျိုက်မရော၊ဘားအံ၊သထုံ၊ထားဝယ်နဲ့ နေပြည်တော်ကို တားမြစ်ကုန် ပစ္စည်းတွေမပို့ရဘူးလို့ ဆိုပါတယ်။
တားမြစ်ကုန်ပစ္စည်းတွေထဲမှာဆိုလာ၊လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊အလှကုန်၊ဆေးဝါး၊မီးစက်၊ခြေညှပ်ဖိနပ်၊ဘတ္ထရီ၊ဆိုဒီယမ်ဆိုင်ယာနိုက်၊အမွှေးတိုင်၊ဖျာ၊လက်ကိုင်ဖုန်း၊ခေါက်ဆွဲ၊ကြာဇံ၊ကားတာ
ယာ၊ချိုချဥ်၊ဘီစကစ်ကစလို့ဓာတ်ခဲ၊ကျွတ် အထိ ပါဝင်ပါတယ်။
Royal Expressရဲ့ ကန့်သတ်ချက်အရ ဆိုလာ၊လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊အလှကုန်အမျိုးမျိုးနဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။မပို့ရမယ့်ဒေသက ပဲခူး၊မွန်၊ကရင်၊တနင်္သာရီနဲ့ နေပြည်တော်လို့ဆိုပါတယ်။ဖြည့်စွက်ချက်အနေနဲ့ကတော့ ပို့သူနဲ့လက်ခံသူက ကုမ္ပဏီလိုင်စင်၊ဆိုင်လိုင်စင်နဲ့ ထောက်ခံစာရှိရင် အနည်းငယ်ပဲပို့နိုင်တယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA)က ခွင့်မပြုတဲ့ဆေးဝါး၊အလှကုန်၊အ
စားအသောက်၊စိုက်ပျိုးရေး၊လျှပ်စစ်သုံးပစ္စည်းတွေကိုလည်း မြို့အားလုံး အထူးသဖြင့် စစ်ကိုင်း
တိုင်းနဲ့ ပြင်ဦးလွင်တို့ကို Ninja Van က ကန့်သတ်ထားပါတယ်။
ပို့ဆောင်တဲ့ကုန်ပစ္စည်းတွေဆိုရင်လည်း အလေး
ချိန်သတ်မှတ်လိုက်တာ၊လက်ကားပစ္စည်းတွေမပို့တာအပြင် အမည်တူ၊လိပ်စာတူကိုအထုတ်ခွဲပို့တာ လုံးဝလက်မခံဘူးလို့လည်း ကန့်သတ်ချက်တွေမှာ ပါဝင်ပါတယ်။
ပြည်တွင်းကုန်ပစ္စည်းပို့ဆောင်ရေးတားမြစ်ချက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ Royal Express ၊Wepozt Delivery နဲ့ Ninja Van လုပ်ငန်းတွေကို People’s Spring က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
“Royal Express နဲ့ ကျွန်မတို့က စာချုပ်ချုပ်ထားတာ ။ပြီးခဲ့တဲ့ နှစ်ပတ်လောက်ပဲ ညီမတို့ကို အ ကြောင်းကြားတယ်။ဘယ်မြို့တွေကိုတော့ ပို့မရတော့ဘူးဆိုတာမျိုး။အခုက ရန်ကုန်၊မန္တလေး၊နေ ပြည်တော်ပဲ အဝတ်အထည်တွေပို့ရတော့တယ်”လို့ အွန်းလိုင်းကနေ စျေးရောင်းနေတဲ့ အမျိုး သမီးတစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့က စားသောက်ကုန် ထုတ်နေသူတဦးကလည်း”ရန်ကုန်ကနေ ဂျုံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေမှာ မရတော့ဘူး။လမ်းမှာ အကုန်ဖမ်းခံထိထားတယ်။အဲဒီအတိုင်းဆို နောက်တစ်ပတ် ဆိုင်ပိတ်ရနိုင်တယ်”လို့ ပြောပါတယ်။
မန္တလေးကနေပြင်ဦးလွင်မြိုကိုလည်းကွန်ပျူတာ
၊ဖုန်းအပါအဝင်လူမဲ့ကုန်ပစ္စည်းပို့ဆောင်ခွင့်တွေကိုပါ တားမြစ်ထားတယ်လို့ ကုန်ပစ္စည်းတင်ပို့သူတချို့က ပြောပါတယ်။
FDA ထောက်ခံချက်မပါတဲ့ ပစ္စည်းဆိုပြီးမြို့တွင်းမှာအလှကုန်ပစ္စည်းပို့တာကိုပိတ်ထားတယ်လို့ Delivery ကုမ္ပဏီတွေက ပြောတယ်။ “ကားဂိတ် တွေကနေ တခြားမြို့တင်ရင်လည်း လွယ်လွယ်ကူကူ တင်မရတော့ဘူး။အကုန်ဘာမှလုပ်မရအောင် ပိတ်နေတာ”လို့ အွန်လိုင်းကပစ္စည်းရောင်းချသူတဦးကပြောပါတယ်။
စစ်တပ်က မြို့တွင်းကုန်ပစ္စည်းပို့ဆောင်မှုမှာ ဆေး
ဝါး၊အလှကုန်နဲ့အစားအသောက်များ၊စိုက်ပျိုးရေး
သုံးပစ္စည်းတွေ၊လျှပ်စစ်ပစ္စည်းတွေ၊ပါဝါဘဏ်၊ဓားအပါအဝင် လက်နက် နဲ့ ချွန်ထက်တဲ့ပစ္စည်း
တွေ၊ဆေးရုံသုံးပစ္စည်းတွေ၊အနက်ရောင်ကျွတ်
ကျွတ်အိတ်နဲ့ထုပ်ပိုးထားတဲ့ပစ္စည်းစတာ တွေကိုပါ မြို့တွင်းပို့ ဆောင်ပေးခွင့်မပေးတော့ဘူးလို့ ကန့်သတ်လာတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့ကို ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးကအစ ပို့ဆောင်မှု တွေတင်းကြပ်လိုက်တဲ့ စစ်ကောင်စီဟာ ယခုအခါ မြို့တွင်းသယ်ယူခွင့် တွေကိုပါ ပိတ်ပင်လာတာဖြစ်ပါတယ်။
နယ်စပ်နဲ့လေကြောင်းကနေ ကုန်ပစ္စည်းတင်ပို့တာကန့်သတ်လိုက်တဲ့ စစ်အုပ်စုက တရားမဝင်ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးကို အ
ကြောင်းမျိုးစုံပြ ကန့်သတ်နေတာဟာတိုင်းရင်း
သားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဝင်ငွေစီးဆင်းမှုကို အားနည်းအောင် ၊ ပြည်သူတွေကြပ်တည်းရင် တော်လှန်ရေးအဖွဲ့တွေပါ ကြပ်တည်းမယ်ဆိုပြီး လုပ်တာလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
