close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုမယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို UNHCR ကြိုဆို

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း​တွေမှာ ခိုလှုံနေတဲ့ မြန်မာ စစ်​ဘေးဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက လက်ခံခဲ့တဲ့အပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကကြိုဆိုခဲ့ပါတယ်။

မယ်လ ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-AFP

သြဂုတ်-၂၇၊၂၀၂၅။People’s Spring

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း​တွေမှာ ခိုလှုံနေတဲ့ မြန်မာ စစ်​ဘေးဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက လက်ခံခဲ့တဲ့အပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကကြိုဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက်က ဒုက္ခသည် စခန်းပေါင်း ၉ ခုမှာ နေထိုင်နေတဲ့ မြန်မာ စစ်ရှောင် ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေမှာ တစ်နှစ်ထိ အလုပ်လုပ်ခွင့်ပြုဖို့ အလုပ်သမား ဝန်ကြီးဌာနရဲ့ တင်ပြချက်ကို ထိုင်းအစိုးရက လက်ခံခဲ့ပါတယ်။ ဒါဟာ ထိုင်းရဲ့ လက်ရှိ အလုပ်သမား ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့ အတွက်ရော၊ ဒုက္ခသည်တွေရဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုး ရပ်တည်နိုင်မှုကို အားပေးဖို့ အတွက်ပါ ရည်ရွယ်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ယာယီ စခန်းတွေမှာ ခိုလှုံနေထိုင်သူ မြန်မာဒုက္ခသည် ၈၁၀၀၀ လောက်ဟာ နိုင်ငံတကာက ပေးပို့တဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေ အပေါ်မှာပဲ တောက်လျှောက် မှီခိုနေရပေမယ့် ထိုင်းအစိုးရရဲ့ အခုလို မူဝါဒ အပြောင်းအလဲကြောင့် ကိုယ့်အားကိုယ်ကိုးပြီး သိက္ခာရှိရှိ ရပ်တည်လာနိုင်မယ်လို့ ကုသလမဂ္ဂက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

UNRCRရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တမ်မီ ရှာ့ပ်က ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဒုက္ခ

သည်အရေး ကိုင်တွယ်ဖြေရှင်းမှု လုပ်ငန်းစဉ်တွေမှာ အလှည့်အပြောင်းကြီးတစ်ခုလို့ညွှန်းဆိုခဲ့ပါတယ်။

အဲဒီရွေးချယ်မှုဟာဒုက္ခသည်တွေအတွက် ကောင်း

ကောင်းကြီး အကူအညီ ဖြစ်စေရုံသာ မကဘဲ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေနဲ့ ထိုင်းနိုင်ငံ စီးပွားရေးရဲ့ ရေရှည် တိုးတက် ဖွံ့ဖြိုးရေးကိုပါ အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ သူက ပြောကြားသွားပါတယ်။

ထိုင်းဟာ လူသားချင်းစာနာမှုဆိုင်ရာကျင့်ဝတ်စည်းမျဉ်းတွေကို လေးစားလိုက်နာနေကြောင်း ပြသရုံသာ မကဘဲ နိုင်ငံရဲ့ အနာဂတ် အတွက်လည်းမဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ရွေးချယ်လိုက်တာလို့ သူကဆိုပါတယ်။

ထိုင်းအစိုးရက မြန်မာ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်ရာမှာ အခြေအနေ၊ စည်းမျဉ်း သတ်မှတ်ချက် တချို့ကို အခြေပြုပြီး ကန့်သတ်ရွေးချယ်မှာဖြစ်ပါတယ်။ UNHCRကတော့ ပိုပြီး များပြားတဲ့ ဒုက္ခသည်တွေ ထိုင်းမှာ အလုပ်လုပ်ခွင့် ရရှိလာရေးအတွက် ကြိုးစား တိုက်တွန်းနေဦးမယ်လို့ ပြောကြားထားပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို အလုံးအရင်းဖြတ်တောက်လျှော့ချခဲ့တာ အပါအဝင် ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အကြပ်အတည်း ကြုံနေချိန်မှာ ထိုင်းအစိုးရက အခုလို မူဝါဒ အပြောင်းအလဲကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

UNHCRကတော့ ထိုင်းရဲ့ လုပ်ဆောင်ချက်ဟာ တူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ တခြားနိုင်ငံတွေအတွက် ရှေ့ဆောင်လမ်းပြ တစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း သဘောထားမှတ်ချက် ပေးသွားခဲ့ပါတယ်။

ကိုးကား: UNHCR

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်မီတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူများပြားခဲ့သော်လည်း အာဏာသိမ်းမှုအပြီးတွင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာသူ အများအပြားရှိလာခဲ့သည်။

သတင်း

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။ မကွေးတိုင်းမှာ ၂၀၅, ၆၀၀ ဦးဖြင့် နေရပ်စွန့်ခွာသူအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။

သတင်း

ပေါက်နယ်တောင်ပိုင်းသည်စစ်​ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဘာသာပြန်ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ ကျူးလွန်နေတဲ့အချိန် ဆွစ်ဇာလန်နိုင်ငံက ဂျနီဗာ မြို့မှာတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီ (UNHCR)က အစည်းအဝေး ကျင်းပနေပါတယ်။