close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက်စစ်တပ်က အရပ်သားများအား KIA၊ KPDF ဟု စွပ်စွဲ ဖမ်းဆီးနေ

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ−၁၊၂၀၂၅။လူအေး/People’s Spring

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ကာမိုင်း – လုံခင်းလမ်းပိုင်းအတိုင်း ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းက စစ်ကြောင်းထိုးဝင်လာသော စစ်တပ်သည် ဖားကန့်မြို့ ရောက်ရှိပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး နေရာအချို့တွင် စစ်ကြောင်းများ နေရာယူထားကြောင်း သိရသည်။

” အရပ်သားတွေကို တောက်လျှောက်ဖမ်းနေတာ။ မရှောင်တဲ့သူတွေအကုန်ပါတယ်။ ရှောင်မှပဲရလိမ့်မယ်။ ဟိုတစ်နေ့ကဆို အလှူအိမ်ကိုဝင်ဖမ်းပြီး လူငယ်တွေကိုဖမ်းခေါ်သွားတာ။ စစ်ကြောင်းက ဘာမှမလုပ်လောက်ပါဘူးဆိုပြီးနေရင်တော့အ ဖမ်းခံရမှာ”ဟု ဖားကန့်မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်၅ရက်ခန့်အတွင်း ဒေသခံအရပ်သား ၄၀နီးပါး ဖမ်းဆီးထားကာ စစ်ကြောင်းတလျှောက်ခေါ်ဆောင်လာကြောင်း သတင်းရရှိသည်။

KIA၊KPDFတပ်ဖွဲ့ဝင်များနှင့် အချိတ်ဆက်ရှိသူတဦးသည် ဩဂုတ်လလယ်ခန့်က စစ်ကောင်စီထံပူးပေါင်းသွားပြီးနောက် ဖားကန့်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို လိုက်လံဖမ်းဆီးနေခြင်းဟု သတင်းရရှိသည်။

” ဖမ်းသွားတဲ့သူတွေကို PDFဆိုပြီး နှိပ်စက်နေတယ်လို့ကြားတယ်။ ကျန်တဲ့သူတွေကိုလည်း စစ်ကြောင်းရဲ့ရှေ့ကနေသွားခိုင်းနေတယ်။ ဒီတစ်ခေါက်က ဖားကန့်မြို့ပေါ်ကို ပြန်ထိန်းချုပ်ဖို့အတွက် ရည်မှန်းထားပုံရတယ်။ တော်တော်ကို ရက်ရက်စက်စက်လုပ်နေတယ်”ဟု ဖားကန့်မြို့ပေါ်မှစစ်ဘေးရှောင်လာသူတဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့(စက်တင်ဘာ ၁ရက်)နံနက်ပိုင်းတွင် မရှီကထောင်ရပ်ကွက်အတွင်း ရောက်ရှိလာပြီး ဒေသခံအမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၅ရက်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ပန်းတင်တံတားနှင့် ဈေးအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သွားရာ ဈေးသည်တဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

” အခုနေ့ခင်းပိုင်းမှာ ဖားကန့်ရဲစခန်းထဲကိုဝင်နေကြတယ်။ အဲဒီကနေဘယ်ကိုထွက်မယ်မသိဘူး။ လက်ရှိမှာ သူတို့လှုပ်ရှားစစ်ကြောင်းနှစ် ကြောင်းရှိနေတယ်”ဟု KPDF နှင့် နီးစပ်သူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် KPDF ယူနီဖောင်းများဖြင့် စစ်ရေးလှုပ်ရှားနေ၍ သတိပြုကြရန် KIA၊KPDFက သတိပေးထားသည်။

ဩဂုတ် ၂၃ရက်တွင် KIA၊KPDF က ကြားဖြတ်တိုက်ခိုက်မှုတွင်လည်း ကားတစ်စီးနှင့် ဒရုန်းငါးစင်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ကြောင်းတွင်ပါလာသည့် စစ်မှုထမ်းသင်တန်းဆင်းများနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြိုဆိုမည်ဖြစ်ပြီး ထောက်ပံ့ဂုဏ်ပြုမည်ဖြစ်ကြောင်း KPDFရဲဘော်များက ထုတ်ပြန် ကမ်းလှမ်းထားသည်။

(၂၀၂၅ ဇွန်လအတွင်းက ဖားကန့်မြို့သို့ ဝင်လာခဲ့သည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊လမြန်ဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် လာ၍ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒေသတွင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဩဂုတ် ၃၀ရက်) ညတွင် သတင်းဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြိုနယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် KIAအရာရှိက ပြန်လည်တောင်းပန်ဖြေရှင်းလိုက်၍ နှစ်ဖက်ကျေအေးမှု ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဖားကန့်​ဒေသ၊ လုံးခင်းဂေါက်ကွင်းအနီး KIA၊KPDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြားယနေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားတာ​ကြောင့် ဂေါက်ရိုက်နေသူတွေ ထွက်ပြေးခဲ့ရပါတယ်။