Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘင်္ဂလားပင်လယ်အော်တွင်​လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်​ပေါ်

​မေ ၉ ရက်​နေ့တွင် ​လေဖိအားနည်းရပ်ဝန်းတစ်ဝိုက်လေတိုက်နှုန်းခန့်မှန်းချက်များမှာတစ်နာရီလျှင် ၅၀-၆၀ ကီလိုမီတာ(မိုင် ၃၀ မှ ၃၇ မိုင်)မှ ၇၀ ကီလိုမီတာ(၄၃ မိုင်​ကျော်ရှိနိုင်​ကြောင်းအိန္ဒိယမိုးဇလမှ တာဝန်ရှိသူက​ပြောသည်။

လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD
လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD

▪︎မိုချာမုန်တိုင်းသည် ဘင်္ဂလား​ဒေရှ်နှင့် မြန်မားနိုင်ငံနယ်စပ်မှဖြတ်သန်းမည်ဟု အိန္ဒိယမိုးဇလ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင် ယ​နေ့နံနက်မှစ၍ ​လေဖိအားနည်းရပ်ဝန်း ဖြစ်​ပေါ်​နေ​ကြောင်း အိန္ဒိယမိုး​လေဝသနှင့် ဇလ​ဗေဒညွန်ကြားမှု ဦးစီးဌာနကထုတ်ပြန်သည်။

ယ​နေ့ (​မေ ၈ )နံနက် ၇ နာရီခွဲ အချိန်မှစ၍ ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်​ပေါ်လာသည်ကို​တွေ့ရှိရ​ကြောင်း​မေ ၉ ရက်တွင်ပိုမိုအား​ကောင်းလာပြီမည်ဟု အိန္ဒိယမိုးဇလကခန့်မှန်းသည်။​လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အ​ရှေ့အလယ်ပိုင်းသို့ ​ရွေ့လျားပြီး ပိုမိုအား​ကောင်းလာကာ​မေ ၁၀ ရက်တွင် မုန်တိုင်းအဖြစ်သို့ကူး​ပြောင်းနိုင်​ကြောင်းလည်းတွက်ချက်ခန့်မှန်းထားသည်။

မုန်းတိုင်းဖြစ်လာပြီး​နောက်ကနဦး ​​မြောက် ၊အ​နောက်​မြောက်အရပ်သို့​ရွေ့လျားမည်ဖြစ်​သော်လည်း မုန်တိုင်းလမ်း​ကြောင်းသည် ဘင်္ဂလားလား​ဒေရှ်နှင့် မြန်မာကြားသို့ဦးတည်နိုင်​ကြောင်း အိန္ဒိယမိုးဇလကခန့်မှန်းထားသည်။သို့​သော် မုန်တိုင်းခန့်မှန်းချက်များသည် အချိန်နှင့်အမျှ အ​ပြောင်းအလဲဖြစ်နိုင်သည်။

လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD
လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD

အဆိုပါမုန်တိုင်းအမည်ကို Mocha ဟူ​သောအမည်​တပ်မုန်တိုင်းဖြစ်လာမည်ဖြစ်သည်။ အဆိုပါ အမည်ကို ယီမင်နိုင်ငံက အဆိုပြုပြီး ပင်လယ်နီ ကမ်း​ခြေမြို့တွင် လွန်ခဲ့​သောနှစ် ၅၀၀ မှစ၍ ကမ္ဘာ့ကိုမိတ်ဆက်ခဲ့​သော မိုချာ/မိုခါ(Mocha/Mokha)​ကော်ဖီအမည်​ပေးရန် ယီမင်နိုင်ငံကအဆိုပြုခြင်းဖြစ်သည်။

​မေ ၉ ရက်​နေ့တွင် ​လေဖိအားနည်းရပ်ဝန်းတစ်ဝိုက်လေတိုက်နှုန်းခန့်မှန်းချက်များမှာတစ်နာရီလျှင် ၅၀-၆၀ ကီလိုမီတာ(မိုင် ၃၀ မှ ၃၇ မိုင်)မှ ၇၀ ကီလိုမီတာ(၄၃ မိုင်​ကျော်ရှိနိုင်​ကြောင်းအိန္ဒိယမိုးဇလမှ တာဝန်ရှိသူက​ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကလည်းမေ ၁၁ ရက်မှစတင်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်း၏ သက်ရောက်မှု ကြုံတွေ့ရနိုင်သောကြောင့် ကမ်းရိုးတန်းဒေသများ၌ ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်ထားရန်သတိ​ပေးထားသည်။

NUG က မုန်တိုင်းကိုခန့်မှန်းသတိ့​ပေးရာတွင် ဥ​ရောပရက်လတ် မိုး​လေဝသခန့်မှန်း​ရေးဗဟိုဌာန(ECMWF)နှင့် အာရှ​ဒေသဆိုင်ရာမိုး​လေဝသခန့်မှန်းရေးဗဟိုဌာန တို့၏ ခန့်မှန်းချက်များအားကိုးကား၍ သတိ​​ပေးနေခြင်းဖြစ်သည်။အဆိုပါ ဌာန နှစ်ခု ခန့်မှန်းချက်မှာ မုန်တိုင်းဦးတည်ရာတွင်တစ်ခုနှင့်တစ်ခုကွာခြား​နေသည်။

လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD
လေဖိအားနည်းရပ်ဝန်းကို ဘင်္ဂလားပင်လယ်အော်အ​ရှေ့​တောင်ပိုင်းတွင်​တွေ့ရမှူ ။ ဂြိုတ်တုပုံ-IMD

ဥ​ရောပရက်လတ် မိုး​လေဝသခန့်မှန်း​ရေးဗဟိုဌာန(ECMWF)က​ မုန်တိုင်းလမ်း​ကြောင်းတွက်ချက်ခန့်မှန်းရာတွင် အိန္ဒိယမိုးဇလနှင့် တူပြီးမေ ၁၅ ရက်တွင် ဘင်္ဂလား​​ဒေရှ်နှင့် မြန်မာကြားကတိုက်ခတ်မည်ဟုခန့်မှန်းထားသည်။သို့​သော် အာရှ​ဒေသဆိုင်ရာမိုး​လေဝသခန့်မှန်းရေးဗဟိုဌာန ကမူ မုန်တိုင်းသည် ​မေ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်မည်ဟုခန့်မှန်းထားသည်။

အထက်ပါ ခန့်မှန်းချက်များမှာ သင်္ချာပုံစံများပေါ် အခြေခံထားသော်လည်း အခြားသောအမျိုးသားမုန်တိုင်းခန့်မှန်းရေးဗဟို ဌာနများ၏ထုတ်ပြန်ချက်များကိုလည်း အဆက်မပြတ်ဆန်းစစ်လေ့လာ၍ သတင်းထုတ်ပြန်ခြင်းဟုNUG ၏MOHADMကအသိ​ပေးထားသည်။ မုန်တိုင်းခန့်မှန်းလမ်းကြောင်းနှင့် ဘေးအန္တရာယ်ကျရောက်မည့်ဒေသနှင့် ဘေးပြင်းထန်နိုင်မှု အပြောင်းအလည်းများလည်း ရှိနိုင်ပြီး ပြောင်းလဲမှုရှိလာပါကထပ်မံထုတ်ပြန်မည်ဟုဆိုသည်။

အချိန်ပိုင်းအလိုက်ထုတ်ပြန်ပေးနေသည့်မိုးလေဝသခန့်မှန်းချက်များကို ဂရုပြုနားထောင်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်းတိုက်တွန်းထားသည်။

လတ်တ​လောတွင် မိုချာမုန်တိုင်းနှင့်ပတ်သပ်၍ ​လေတိုက်နှုန်းအလွန်ပြင်းထန်မည်ဆို​သော​ကောလဟလများပြန့်နှံ့​နေသည်။နိုင်ငံတကာမိုး​လေဝသခန့်မှန်း​ရေးဌာနများကမူ ​လေတိုက်နှုန်းအလွန်ပြင်းထန်မည်ဟု မ​ပြောကြ​ပေ။