စက်တင်ဘာ-၄၊ ၂၀၂၅။ မေ/People’s Spring
မန္တလေးမြို့ကို စစ်တပ်က လုံခြုံရေးပိုမိုတင်းကြပ်နေပြီး မြို့တွင်းမှာ ဖုန်းစစ်ဆေးတာတွေ ပိုမိုပြုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစလို့ မန္တလေးမြို့တွင်းကို လုံခြုံရေးကင်းပတ်တာ၊ မြို့တွင်းမှာ ပြည်သူတွေရဲ့ ဖုန်းကို စစ်ဆေးတာအပြင် ဧည့်စာရင်း စစ်ဆေးတာတွေ ပိုမိုပြုလုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရင်က မြို့အစွန်ရပ်ကွက်တွေကို အဓိကထား စစ်ဆေးတာတွေ ပြုလုပ်နေရာကနေ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မြို့တွင်းနေရာတွေအထိ စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒါ့အပြင် မြို့တွင်းမှာလည်း နေ့ရာ၊ညပါ ကင်းပတ်တာတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement
“ညဆို ရဲတွေယူနီဖောင်းအပြည့်နဲ့ ပတ်သလို နေ့ခင်းမှာ စစ်ကားတွေ ပြန်ပတ်နေပြီ။ နောက်ပြီး အရပ်ဝတ်နဲ့ ကားတွေလည်းမြို့ထဲပတ်တယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေး ပြန်ကြပ်နေတဲ့ပုံပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း နန်းတွင်းထဲကို ရဟတ်ယာဉ်အတက်အဆင်းလည်း အကြိမ်များစွာလုပ်ခဲ့တယ်လို့ သိရပါတယ်။
