close
Connect with us

Hi, what are you looking for?

သတင်း

DKBAထိန်းချုပ်ရာကျောက်ခတ်ရွာဆေးရုံဟောင်းကိုစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ ဗုံးကြဲ

ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာကျောက်ခတ်ကျေးရွာကဆေးရုံဟောင်းနေရာကို စစ်တပ်က ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ-၄ ၊၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာကျောက်ခတ်ကျေးရွာကဆေးရုံဟောင်းနေရာကို စစ်တပ်က ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့မနက်စော၈နာရီကျော်လောက်မှာဆေးရုံဟောင်းနေရာကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“လူထိတာတော့ မရှိဘူး။ ဆေးရုံဆိုတော့ နည်းနည်းတော့များတာပေါ့။ အဆောက်အဦတော့ ပျက်သွားတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ခတ်ကျေးရွာဟာသောင်ရင်းမြစ်ဘေးတည်ရှိပြီးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာ နယ်မြေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ကျားဖြန့်လုပ်ငန်းအသစ်တွေရှိရာ ဒေသဆိုပြီး လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်နဲ့အခြားနိုင်ငံခြားသားတွေအစုလိုက်၊အပြုံလိုက်ကျောက်ခတ်ကနေထွက်ပြေးလာကြတာတွေလည်း ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

လတ်တလော ကျောက်ခတ်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။

ကျောက်ခတ်ရဲ့ နယ်စပ်တကျောက စစ်ကောင်စီတပ်စခန်းတွေကိုတော့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။

လက်တလောမှာ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တမူးမြို့နယ်၊ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်​ရှေ့မတိုးနိုင်ဘဲပြန်ဆုတ်သွားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်ပိုင်းအထိ အရပ်သားပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ၄ရက်) ထုတ်ပြန်သည်။

သတင်း

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဒီက​နေ့ လေ ကြောင်းက​နေဗုံးကြဲလို့ ထရန်စ​​ဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ၊ နော်တခီးကျေးရွာ စာသင်ကျောင်းကို ဒီနေ့ ( စက်တင်ဘာလ ၃ ရက်) မနက်ပိုင်းက စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်က ထုတ် ပြန်လာပါတယ်။