close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ကုက္ကဲရွာတိုက်ပွဲ စစ်တပ်က ဗိုလ်ကြီးအောင်သောင်းအပါအဝင် ခုနစ်ဦးသေဆုံးဟု ရွှေခြံသားပြောက်ကျားတပ်ပြော

မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာမှာဗိုလ်ကြီးအောင်သောင်းအပါအဝင်ခုနစ်ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေရရှိတယ်လို့ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တာဝန် ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ-၄ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာမှာဗိုလ်ကြီးအောင်သောင်းအပါအဝင်ခုနစ်ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေရရှိတယ်လို့ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တာဝန် ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကုက္ကဲရွာရဲ့အထက်တန်းကျောင်းခွဲမှာအထိုင်ချတပ်စွဲထားတဲ့စစ်တပ်က ဒေသခံနဲ့ ခရီးသွားပြည်သူတွေကိုဆက်ကြေးကောက်ရာမှာအနိုင်ကျင့်လုယက် နှိပ်စက်နေတာဖြစ်လို့ စက်တင်ဘာ ၂ ရက် နံနက် ၉နာရီခန့်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်တစ်ယောက်ကျတယ်။တိုက်ပွဲအတွင်းမြင်းခြံခမရ(၁၅)ကဟောင်ဝစ်ဇာနဲ့ ရမ်းသမ်းပစ်ခတ်တာ တိုက်ပွဲဖြစ်တဲ့ နီးစပ်ရာနေရာတွေကို ဒီနေ့အထိပဲ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့ထွက်‌ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာစစ်သားခုနစ်ဦးသေဆုံးပြီး MA3 ခြောက်လက်၊MA5 တစ်လက် ၊ကျည်ဘောက်၂၀၊၊၆၀မမ တစ်လက်နဲ့ ကျည်တွေသိမ်းရတယ်လို့အသိပေးပါတယ်။

ဒါ့အပြင်ဓားငါးချောင်း၊လက်ပစ်ဗုံးနှစ်လုံး၊လေးခွ နှစ်လက်၊ဝက်အူလှည့်တစ်ချောင်း၊ဖုန်း ခုနစ်လုံး၊လက်ပတ်နာရီနှစ်လုံး၊စစ်သုံးဆောင်အများအပြားကိုလည်း သိမ်းဆည်းရရှိတယ်လို့ ဖော်ပြပါတယ်။

“မြင်းခြံ နဲ့ တံတားဦးလမ်းပိုင်းပေါ်ရှိတာ။စကစ အင်အား ၅၀ လောက်ရှိလိမ့်မယ်”လို့ မြင်းခြံမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုနှစ်ဇူလိုင် ၁၇ရက်ကလည်းကုက္ကဲရွာရဲ့နယ်မြေရဲစခန်းနဲ့စာသင် ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရဖူးပါတယ်။

အဲဒီတိုက်ခိုက်မှုမှာစစ်သားသုံးဦးသေဆုံးပြီးလက်နက်နှစ်လက်ကိုတော်လှန်ရေးတပ်တွေရရှိခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေအရပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လက်နက် ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကနေသတိရှိရှိနေထိုင်ကြဖို့ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကုက္ကဲရွာကျေးမှာ တပ်စွဲထားတဲ့ စစ်​တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံ နဲ့နွားထိုးကြီးမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ အခုလအတွင်း အရပ်သားပြည်သူ သေဆုံးမှု ၂၆ ဦးထိရှိလာပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကောက်ယူထားတဲ့စာရင်းအရသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာဘက်က ယာဥ်တွေကိုမြို့ထဲအဝင်မခံဘဲလှည့်ပြန်ခိုင်းနေကြောင်း ဒေသခံများက ပြောပါတယ်။