close
Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာအဖေနဲ့ဦးလေးရန်ဖြစ်တာကိုဝင်တားတဲ့ရှစ်တန်းကျောင်းသားဓားထိုးခံရပြီးသေဆုံး

မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ မနေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ – ၅ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ မနေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မုတ်ဆိုးကျေးရွာမှာ မနေ့ ညနေပိုင်း ၃ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။

ဖခင်နဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ချိန် ဦးလေးက ဖခင်ကို ဓားနဲ့ထိုးတာကို ဝင်တားတဲ့ ၁၆နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓားထိုးခံရတာလို့ တမုတ်ဆိုးရွာခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားထိုးခံရတဲ့ ကလေးကို တမုတ်ဆိုး တိုက်နယ် ဆေးရုံ ဆီပို့ဆောင်ချိန်မှာပဲ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ ဦးလေးဖြစ်သူကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။