close
Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ကစစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သား၂ဦးသေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သေနတ်နှစ်လက်ရခဲ့တယ်လို့ Fire Dragon တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်း တိုက်ခိုက်မှုမှာ သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ − မင်းမြတ်ဘုန်း

စက်တင်ဘာ−၅၊၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သေနတ်နှစ်လက်ရခဲ့တယ်လို့ Fire Dragon တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ညောင်လေးပင်-မဒေါက်−ရွှေကျင်လမ်းပိုင်းပေါ်က စစ်တပ်ရဲ့ငွေကြေးကောက်ခံတဲ့ဂိတ်ကို ဒီကနေ့ (စက်တင်ဘာ ၅ရက်) နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၆ နာရီလောက်မှာ ဝင်တိုက်တာ။အဲဒီနေရာက ညောင်လေးပင်-မဒေါက်ကြားပေါ့။ကားလမ်းပေါ်မှာရှိနေတဲ့ ဂိတ်တနေရာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဂိတ်မှာ စစ်တပ်က ဆက်ကြေးကောက်တာ၊ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်တဲ့အတွက် Fire Dragon ကွန်မန်ဒိုရဲဘော်တွေ ဝင်တိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားနှစ်ဦးဆီကနေ MA1 သေနတ် တလက်၊ MA2 တလက်နဲ့ ကျည်တွေသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

ညောင်လေးပင်မြို့နယ်အခြေစိုက် ခမရ(၂၀)တပ်ရင်းကနေ လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းက မုက္ခမှု၊ တာပြတ်နဲ့ ရေကြည်ချောင်းကျေးရွာတွေမှာ စစ်တပ်ကဂိတ်စခန်းတွေ အခိုင်အမာဆောက်ပြီး အထိုင်ချထားပါတယ်။

ညောင်လေးပင်မြို့နယ်၊ညောင်လေးပင်မြို့ နဲ့ မဒေါက်မြို့က ၁၁မိုင်အကွာအဝေးရှိပြီးမဒေါက်နဲ့ ရွှေကျင်မြို့နယ်ကနှစ်မိုင်ခွဲကျော်ဝေးပေမယ့် ကြားမှာ စစ်တောင်းမြစ်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်တွင်စစ်ကောင်စီတပ်ရဲ့မြို့ဝင်စစ်ဆေးရေးဂိတ်အပါ အဝင် ရိက္ခာပို့ယာဥ်တန်းနဲ့ ကင်းပုန်းတွေကို တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) တာဝန်ခံက ပြောပါတယ်။

သတင်း

လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် (PSMS) နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ရေးအချက်အ လက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူတွေ ရှိလာနေပြီလို့ စစ််ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

သတင်း

ခမရ(၂၀)မှ ဗိုလ်မှူးနေလင်း၊ ဗိုလ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ကြီးဇော်မျိုးထွဋ်နှင့် ခလရ(၅၉)မှ ဗိုလ်ကြီး ချစ်ကိုဝင်းတို့က အဓိက ကျူးလွန်ခဲ့ဟုဆို

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။