close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ရှိကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံး၂လုံးကြဲ

ကျောက်တော်မြို့ရှိကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီကယနေ့နံနက် အစောပိုင်းတွင်ဗုံးကြဲသဖြင့် ကျောင်းသားများနှင့်အနီးအနားမှ ကလေးငယ်အချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

■ကျောင်းသားများနှင့်ကလေးငယ်တချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရ

စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကျောက်တော်မြို့ရှိကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီကယနေ့နံနက် အစောပိုင်းတွင်ဗုံးကြဲသဖြင့် ကျောင်းသားများနှင့်အနီးအနားမှ ကလေးငယ်အချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ စက်တင်ဘာလ၁၂ရက်၊နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ပေါင်၅၀၀ ဗုံးနှစ်လုံးကြဲခြင်းဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကနဦးသတင်းအရကလေးငယ်အချို့အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားပြီး နောက်ဆက်တွဲ သတင်းများကို ထပ်မံအသိပေးမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် ဖွံ့ဖြိုး​ရေး ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေးရုံး( HDCO)၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ၇ လ တာ ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၆ ဦး အပါအဝင် အရပ်သားပြည်သူ ကျား (၄၂) ဦး၊ မ (၇၃) ဦး စုစုပေါင်း (၁၁၅) ဦး သေဆုံးခဲ့သည်။ ထို့အပြင် ၁၈ နှစ်အောက် ကလေးသူငယ် ၅၁ ဦး အပါအဝင် အရပ်သားပြည်သူ ကျား ၁၀၅ ဦး၊ မ ၉၉ ဦး စုစုပေါင်း (၂၀၄) ဦး ဒါဏ်ရာ ရရှိခဲ့သည်။

သြဂုတ်လ​​​နောက်ပိုင်းတွင်စစ်တပ်၏ လေ​​ကြောင်းတိုက်ခိုက်မှုပိုမို ဆိုးရွားလာပြီး သြဂုတ်လ၅ရက်နေ့ကလည်း မြောက်ဦးမြို့ရှိအလှူအိမ်ကို စစ်ကောင်စီကဗုံးကြဲ၍ ကလေးငယ်အချို့အပါအဝင်၁၅ဦသေဆုံးပြီး၂၀ ခန့်ဒဏ်ရာရခဲ့သည်။

စစ်​ကောင်စီက သြဂုတ်လတွင် နိုင်ငံတစ်ဝန်း​လေ​ကြောင်းတိုက်ခိုက်မှု ၂၂၁ ကြိမ် (တစ်ရက် ၇ ကြိမ်​နှင့် ၈ကြိမိကြား ) ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၈၄ ဦး​သေဆုံးခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲစာသင်ကျောင်းနဲ့ ရွာတရွာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။

သတင်း

မန္တလေး - လားရှိူးပြည်ထောင်စုလမ်းမပေါ်ရှိသီပေါမြို့ဘော်ကြိုဘုရားအနီးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ၃ရက်)၁နာရီခွဲခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

ရခိုင်ပြည်နယ်၊ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၅ဦးအပါအဝင် ၁၂ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့အာရက္ခတပ်တော်(AA)ရဲ့ပြောရေးခွင့်ရှိသူဦးခိုင်သုခက လူထုနွေဦးကို ပြောပါတယ်။

သတင်း

TNLA ထိန်းချုပ်ဒေသဖြစ်​သောမိုင်းငေါ့မြို့နယ်ခွဲမှ ဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ယနေ့ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။