close
Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၂ဦးသေ၊ ၁ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျည်ထိမှန်သူတဦးအား တွေ့ရစဉ် ဓာတ်ပုံ − KNU

စက်တင်ဘာ−၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၄ရက်ညပိုင်းတွင်စစ်ကောင်စီ၏ခမရ(၃၅၁)နှင့် ခလရ (၆၀) တပ်ရင်းမှရည်ရွယ်ချက်ရှိရှိ ကျေးရွာများအတွင်းသို့လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်ခဲ့၍မုန်းမြို့နယ်၊ဖိုးသောင်းစုရွာနေ အသက် (၅၅) နှစ်အရွယ် အမျိုးသား ၁ဦးနှင့် အသက် (၅၀)အရွယ် အမျိုးသား ၁ဦး သေဆုံးကာ (၅၈)နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပြီး နွားအချို့ ထိမှန်သေဆုံးဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၃ရက်ကလည်းစစ်ကောင်စီ လက်နက်ကြီးကြောင့် မုန်းမြို့နယ် ငထွေစုတ်ကျေးရွာနေ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ၂ရက်ကလည်း နတ်သံကွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ရေလဲအရှေ့ဘက်ကမ်းကျေးရွာမှ အမျိုးသား ၁ဦးသေဆုံးကာ အသက် ၇၅နှစ်အရွယ် အဘိုးအို ၁ဦး ဒဏ်ရာရရှိပြီး နွား အချို့ ထိခိုက်သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်တပ်မှလက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးရပြီး နေအိမ်များပျက်စီးသည့်အပြင် ပြည်သူများထိတ်လန့် ကြောက်ရွံမှုများစွာဖြင့် နေထိုင်ကြရဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကိုမည်သည့် နိုင်ငံ၏ အကူအညီမည်သည့်အခါမှ မရရှိဘဲ ရက်ပေါင်း ၅၀၀ ကျော်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အာရှလမ်းတိုက်ပွဲ၌ ပါဝင်ဆင်နွှဲသူအားလုံးကို ဂုဏ်ပြုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်က ယနေ့ စက်တင်ဘာ ၇ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)ညောင်လေးပင်ခရိုင် ကျောက်ကြီး -မုန်းပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဒုတပ်ရင်းမှူး တဦးနှင့် တပ်ခွဲမှူး တဦးအပါအဝင် (၆)ဦး သေဆုံးကာ (၁၆)ဦး ခန့် ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ၄ရက်) ညတွင် သတင်းထုတ်ပြန်သည်။

သတင်း

တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ၊ နော်တခီးကျေးရွာ စာသင်ကျောင်းကို ဒီနေ့ ( စက်တင်ဘာလ ၃ ရက်) မနက်ပိုင်းက စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်က ထုတ် ပြန်လာပါတယ်။