close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံထွေအုပ်ရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းရုံးကို ပြောက်ကျားအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရွေးကောက်ပွဲမြပေးမှုနှင့်ပတ်သက်ပြီး ပြင်ဆင်လေ့ကျင့်နေစဉ်။ ဓာတ်ပုံ − စကစ

စက်တင်ဘာ-၁၅၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ မြောက်ဒဂုံ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲရုံး၂ရုံး – ၁ရုံးကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ နောက်ဆက်တွဲ ရန်သူထိခိုက်မှုကတော့ ထွေအုပ်ရုံးမှာ ရုံးထိခိုက်ပျက်စီးမှုရှိခဲ့ပြီး၊ အမှတ်(၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ဘဲဥတွေ ထိခိုက်ဒဏ်ရာရတာမျိုး ကြားသိရတယ်။ “ ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Operation Flame အဖွဲ့နှင့်အတူ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက် နံနက် ၁နာရီခွဲ ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Operation Flame ၏ “Fire Power” အထူးစစ်ဆင်ရေးစစ်ရေးပစ်မှတ်များအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ပါတယ်။” ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားသိမ်းယူထားခြင်းဖြစ်သောကြောင့် ၎င်းတို့ထုတ်ပြန်သည့် မည်သည့်ဥပဒေမဆို တရားမဝင်ကြောင်းနှင့် လိုက်နာစရာမကြောင်း ၎င်းကဆိုသည်။

“ သူတို့လုပ်တဲ့ ရွေးကောက်ပွဲတာ သူတို့ သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဘဲ ဖြစ်တယ်။ အာဏာရူးတွေ လုပ်တဲ့ရွေးကောက်ပွဲမှာ အာဏာရှင်ဘဲ တက်မှာ ဖြစ်လို့ ကျနော်တို့ဘဲ ဆန့်ကျင်ရမှာ မဟုတ်ဘဲ ပြည်သူတရပ်လုံးအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ကိုလည်း အသိပေးတိုက်တွန်းလိုပါတယ်ဗျ။ ဒီ အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ထွက်ပေါက်တခုသာဖြစ်ပြီး ပြည်သူတွေအတွက်တော့ ထောင်ချောက်တခုပါ” ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမှာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားပေးကူညီနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

စက်တင်ဘာ-၁၅၊၂၀၂၅။ဟန်နွေ/People’s Springနိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ​ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်က လုပ်နေသည့် ဖမ်းဆီးမှု၊ တရားရုံးစစ်ဆေးမှုများအားလုံးသည် တရားဝင်မှုမရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီဝင်များအနေဖြင့်စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါကပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကယနေ့ ထုတ်ပြန်သည်။