စက်တင်ဘာ−၁၅၊ ၂၀၂၅။ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။
စက်တင်ဘာ ၁၃ရက်ညနေပိုင်းက နှစ်ကရင်လမ်းဆုံအနီး စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိနိုင်ပြီး အသေးစိတ် အခြေအနေများ စုံးစမ်းနေဆဲဖြစ်ဟု ဖော်ပြသည်။
တော်လှန်ရေးမဟာမိတ်တပ်ဖွဲဝင်များထိခိုက်မှုမရှိဘဲ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ဟုလည်း အသိပေးသည်။

Public Service Announcement
ထို့ပြင် စက်တင်ဘာ ၇ရက်တွင်လည်း ရေးမြိုနယ် မော့ကနင်ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီ၏ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။
ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် MSRF ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
စစ်ကောင်စီတပ်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲများဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။
