စက်တင်ဘာ-၁၅၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ သပိတ်ကော်မတီဝင်တွေက “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားပါ စတေကာတွေကပ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း စတေကာကမ်ပိန်းလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာလည်း ဒီကနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ကယန်းဒေသအသီးသီးရှိ လူငယ်တွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာသားပါ ဓာတ်ပုံကမ်ပိန်းတရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက “ သင်မဲ့ဖြင့် တရား၀င် လူသတ်ခွင့်မပေးနဲ့” စာသားချိတ်ဆွဲပြီး ပြည်သူလူထုအား ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ဆန့်ကျင်ဖို့ သတင်းစကားပေးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွေးကောက်ပွဲအလိုမရှိကြောင်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတို့ ပူးပေါင်းဆန္ဒပြခဲ့ပါတယ်။
စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
