close
Connect with us

Hi, what are you looking for?

သတင်း

မောတောင်လမ်းတိုက်ပွဲစစ်ကောင်စီတပ်အချို့သေ၊လက်နက် ၂လက်ထပ်ရဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား‎ ယနေ့ စက်တင်ဘာ ၁၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းရဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်းစစ်တပ်၏လက်နက်။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား‎ ယနေ့ စက်တင်ဘာ ၁၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းရဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်နေသည့် ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆက်လက်ပြုလုပ်လာ၍ ယနေ့ စက်တင်ဘာ ၁၈ရက် မနက်က တိုက်ပွဲဖြစ်ခဲ့ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

” နေ့တိုင်း တိုက်ပွဲက ရှိတယ် သိန်ခွန်းဘက်မှာ။ ပြီးခဲ့တဲ့ သုံးလေးရက်မှာလည်းဖြစ်တယ်။ ဒီနေ့မှာလည်းထပ်ဖြစ်တယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံးနှင့် ကျည်များ သိမ်းရဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် မောတောင်နယ်စပ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး သိန်ခွန်းရွာအနီး တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလျက်ရှိကာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်။

အဆိုပါ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

Facebook