close
Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသ ခဲတွင်းပြိုကျမှု သေဆုံးသူနှင့် ပိတ်မိနေသူအချို့ရှိ

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ၌ ခဲတွင်းပြိုကျရာ သေဆုံးသူနှင့် ပိတ်မိနေသူအချို့ရှိ ကြောင်း ​ဒေသခံများက ပြောသည်။

မော်ချီး ဒေသ၌ မြေပြိုမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဥ်။မှတ်ချက် − ပုံအဟောင်းဖြစ်ပါသည်

စက်တင်ဘာ−၂၀ ၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ၌ ခဲတွင်းပြိုကျရာ သေဆုံးသူနှင့် ပိတ်မိနေသူအချို့ရှိ ကြောင်း ​ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက် ည ၁၁နာရီခန့်က ဖြစ်ပွားခဲ့သည့် ခဲတွင်းပြိုကျမှုအတွင်း ကနဦးသတင်းအရ တစ်ဦးသေဆုံးပြီး ပိတ်မိသူ နှစ်ဦးရှိသည်ဟု ဆိုသည်။

“ အိမ်နားက ကလေးပါသွားတယ်။သေတယ်လို့ ကြားတယ်။ကောင်လေးက အခုမှ အသက် ၂၀ ကျော်ပဲ ရှိသေးတာ” ဟု မော်ချီး ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရာသီဥတုအပြင် ယခုနှစ် မတ်လကစ၍ မော်ချီးဒေသကို ဆယ်ကြိမ်ထက်မနည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မြေပြိုမှု ဖြစ်လာသည်ဟု ဒေသခံအချို့က သုံးသပ်သည်။

“ မြေပြိုမှုရှိတယ်။အသေးစိတ်ကိုတော့ မသိရသေးဘူး” ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးဗညားက ပြောသည်။

သြဂုတ် ၁၇ရက်က ဖားဆောင်းမြို့ မော်ချီးဒေသ (၁၆)ကုန်းရပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲမှုအတွင်း (၅)နှစ် နှင့် (၁၂)အရွယ် ကလေးငယ် ငါးဦးအပြင် သေဆုံးသူ ၂၅ဦး ရှိခဲ့သည်။

ယခုနှစ် ဇူလိုင် ၂၇ ရက်ကလည်း မော်ချီးဒေသ (၁၆)ရပ်ကွက်နှင့် ကျောက်ကြားရပ်ကွက် မြေပြိုမှုအတွင်း (၅၀)ကျော်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြ​ည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီစစ်ရှောင်အရေးကူညီသူများက ပြောသည်။

ဆောင်းပါး

လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့တဲ့ ဟီရိုရှီးမားမြို့ကို အမေရိကန်လေယာဥ်ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်အ ကြောင်းလွန်ခဲ့တဲ့နှစ်ပတ်လောက်က ကိုငြိမ်းရဲ့ ဖုန်းထဲပေါ်လာပါတယ်။

သတင်း

ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်​ကောင်စီက သြဂုတ် ၁၇ ရက်​နေ့မှာ တိုက်​လေယာဥ်နဲ့ ​ပေါင် ၅၀၀ ဗုံးကြဲတာ​ကြောင့် ​သေဆုံးသူ နဲ့ ဒဏ်ရာသူ​တွေရဲ့အမည်စာရင်းဖြစ်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊မော်ချီးဒေသလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၃၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာပျောက်ဆုံးနေသူအချို့ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့(ဩဂုတ် ၁၈ရက်) ထုတ်ပြန်သည်။