စက်တင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့(စက်တင်ဘာ ၂၀ ရက်) ည ၇နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး ကားပေါ်က ယာဥ် မောင်းပျောက်နေတယ်လို့ ဒေသခံသတင်းရင်းက ဆိုပါတယ်။
“ ရထားနဲ့ချိတ်ပါသွားတာ လမ်းနှစ်ပြန်စာ ပေ ၆၀၀ လောက်ရှိတယ်။အဲဒါပြီးတော့ ကားက လမ်းဘေးကို ကျသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
တိုယိုတာ ဟာရီရာ ကားအမျိုးအစား အဖြူရောင်ယာဥ်က ပေါင်မြို့နယ်၊ပေါင်းရပ်ကွက်စည်ပင်ရုံးအနီး ရထားလမ်းကိုဖြတ်ရင်း ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။
“ အဲဒီတစ်ဝိုက် လမ်းမီးက ဘာမှမရှိဘူး။ဖြစ်တဲ့အချိန် ဒုန်းဆိုပြီအသံကြားတယ်။ကျန်တာတော့ မသိသေးဘူး” လို့ ပေါင်မြို့ခံတဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ မော်တော်ကားယာဥ်မောင်းကို ကယ်ဆယ်ရေးအဖွဲ့ တွေ့က ရှာဖွေနေဆဲ ဖြစ်ပြီး ရထားကတော့ ပေါင်မြို့ကနေ သထုံမြို့ဘက်ကို ဆက်ပြီးထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပေါင်မြို့နယ်မှာ ရထားနဲ့ ကားတိုက်မိပြီး ယာဉ်မောင်းပျောက်ဆုံးနေ စက်တင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People's…
Posted by People's Spring on Saturday 20 September 2025
ရုပ်သံ − Warazein News Agency paung Daily
