close
Connect with us

Hi, what are you looking for?

သတင်း

ရွာငံမှာ စစ်ရှောင်စခန်းပေါ် တောင်ပြိုကလေးငယ်တွေအပါအဝင် ၁၀ဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။

ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျပြီးတွေ့ရစဉ်။ ဓာတ်ပုံ - DSNDA

စက်တင်ဘာ -၂၆ ၊ ၂၀၂၅။လူ​အေး၊ဇော်ဝင်း/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်အရ သေဆုံးသူတွေက အသက် (၇)၊(၁၀)၊(၂၂)၊(၄၅)နဲ့ (၆၀) အမျိုးသားတွေနဲ့ အသက် (၁)နှစ်ခွဲအရွယ်၊ (၂၄)၊(၃၆)၊(၄၇)နဲ့ အသက် (၆၅)နှစ်အရွယ် အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျပြီးတွေ့ရစဉ်။ ဓာတ်ပုံ – DSNDA

“ ‌စစ်ရှောင်နေရင်းသူတို့ပေါ် တောင်ပြိုကျလာတာ။သေဆုံးတဲ့သူတွေက မိသားစုဝင်တွေ” လို့ DSNDA တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၁၀ဦးထဲက အသက်၂၂နှစ် အမျိုးသားတဦးရဲ့ အလောင်းတစ်လောင်းသာရှာဖွေတွေ့ရှိထားတယ်လို့ အသိပေးပါတယ်။

“ ကျောက်တောရွာက စစ်ရှောင်နေရတဲ့ ဒေသခံတွေ” လို့ သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီး ရွာငံမြို့နယ်သတင်ရင်းမြစ်က ပြောပါတယ်။

“ စစ်ကောင်စီစစ်ကြောင်း ဝင်လာလို့တောင်ယာမှာရှောင်နေရတဲ့သူတွေပါ။ တော်တော်လေးကိုဒုက္ခရောက်ကြရပါတယ်။ ကျမတို့သိသလောက် ရုပ်အလောင်းတွေတောင်မဖော်နိုင်ဘူး” လို့ ရွာငံဒေသခံတဦးကပြောပါတယ်။

စက်တင်ဘာ ဒုတိယပတ်ကစပြီး ရွာငံမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေဖမ်းဆီးခံရတာနဲ့ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဓနုပြည်နယ်အမျိုးသားကာ ကွယ်ရေးတပ်တော် DSNDA တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

စက်တင်ဘာ ဒုတိယပတ်က ရွာငံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ကျောက်တောကျေးရွာကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ နေအိမ် အလုံး ၂၀ကျော်နဲ့ စပါးကျီတွေ မီးရှို့ခံထားရကာ အသက် (၉)နှစ်အရွယ်ကလေး အပါအဝင် စစ်ရှောင်ပြည်သူ ခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ အသိပေးပါတယ်။

စစ်​ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ(၅၅) လက်အောက်ခံတပ်တွေ ပါတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရွာငံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ကျောက်တောကျေးရွာကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုးနေပြီး နေအိမ် ၂၀ကျော်နဲ့ စပါးကျီ တွေ မီးရှို့ခံထားရကာ ကလေးငယ်တဦးအပါအဝင် စစ်ရှောင်ပြည်သူ ၆ဦးကို ဖမ်းဆီးခံထားရတယ်လို့ DSNDA ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောက်တောရွာ နဲ့ ညောင်ပင်သာရွာက ပြည်သူ ၆၀၀ ထက်မနည်းစစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။

ရွာငံမြို့နဲ့ဆက်စပ်နေတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လဆန်းကလည်း မိုးကောင်းပြီးမြေပြိုလို့ ဒေသခံ၈ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်ကလေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်က မုန်တိုင်းရဲ့အရှိန်ကြောင့်ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာ စက်တင်ဘာလကုန်ခန့်အထိမိုးကောင်းပြီး ရုတ်တရက် ရေကြီးရေလျှံတာနဲ့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှုဘေးသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သတင်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။