close
Connect with us

Hi, what are you looking for?

သတင်း

NUG ပညာရေးဝန်ကြီးခန့်အပ်မှု ကန့်ကွက်တဲ့ CBBE မှာ ကိုယ်စားပြုမှု မပါဝင်ကြောင်း ရန်ကုန်တိုင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီးအဖြင့် တာဝန်ပေးအပ်မှုအပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တဲ့ အခြေခံပညာရေးဘုတ်အဖွဲ့များကောင်စီ(CBBE) ရဲ့ လုပ်ရပ်ကို မကြေလည်လို့ ကောင်စီကနေ နှုတ်ထွက်ကြောင်း ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သလို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၃ ခုကလည်း CBBEမှာ ကိုယ်စားပြုမှု မပါဝင်ကြောင်း အသိပေးထုတ်ပြန် ပါတယ်။

NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်။ ဓာတ်ပုံ - Screengrab

မန္တလေးဒေသက မြို့နယ် ၂၀ကျော်ကလည်း အရင်ကတည်းက CBBEမှ နှုတ်ထွက်ထားပြီးဖြစ်ဟု အသိပေး

ဝန်ကြီးဂျာထွယ်ပန်အား ကြိုဆိုကြောင်း မြို့
နယ်ပညာရေးဘုတ်အဖွဲ့တွေ ထုတ်ပြန်၊ မြို့နယ်အချို့ CBBEက နှုတ်ထွက်

ဒီဇင်ဘာ ၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီးအဖြင့် တာဝန်ပေးအပ်မှုအပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တဲ့ အခြေခံပညာရေးဘုတ်အဖွဲ့များကောင်စီ(CBBE) ရဲ့ လုပ်ရပ်ကို မကြေလည်လို့ ကောင်စီကနေ နှုတ်ထွက်ကြောင်း ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သလို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၃ ခုကလည်း CBBEမှာ ကိုယ်စားပြုမှု မပါဝင်ကြောင်း အသိပေးထုတ်ပြန် ပါတယ်။

Public Service Announcement

Public Service Announcement

“အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE)” ရဲ့ ကိုယ်စားပြုမှုမှာ ရန်ကုန် အတိုင်းတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ (၃၃) ဖွဲ့ရဲ့ ကိုယ်စားပြုမှု လုံးဝမပါဝင်ကြောင်းနဲ့ ရန်ကုန်တိုင်းတွင်းရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေရဲ့ အများသဘောဆန္ဒအရတိုင်းကိုယ်စားပြုမှုကိုလည်း ပေးအပ်ထားခြင်းမရှိပါကြောင်း ကြေညာခဲ့တာပါ။

ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း NUG ပညာရေးဝန်ကြီး ခန့်အပ်မှုကို ကန့်ကွက်တဲ့ CBBE ရဲ့ သဘောထား ထုတ်ပြန်မှုကို လုံးဝ မသိရှိခဲ့ရကြောင်း အသိပေးပြီး အဲဒီလို စာထုတ်ခြင်းအပေါ် မကျေလည်မှုများရှိခဲ့လို့ အခြေခံပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE မှ ဒီဇင်ဘာ ၁၂ရက်မှာနှုတ်ထွက်ခဲ့ကြောင်းအသိပေးပါတယ်။

CBBE ရဲ့ထုတ်ပြန်ချက်မှာရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ သဘောထားမပါရှိပါကြောင်း ဖော်ပြပြီး ပညာရေးဝန်ကြီးဌာန၊ ‌ပြည်ထောင်စုဝန်ကြီး ဒေါ်ဂျာထွယ်ပန်အား ထောက်ခံကြိုဆိုကြောင်းနဲ့ ပညာရေးဆိုင်ရာလုပ်ငန်းတွေကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒလမ်းစဉ် တွေနဲ့အညီ ဆက်လက်အကောင်အထည်ဖေါ် လက်တွဲသွားမယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။

စစ်ကိုင်း ဖက်ဒရယ်ယူနစ် အခြေခံ ပညာရေးဘုတ်အဖွဲကကလည်း ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်ကို ကြိုဆိုထောက်ခံကြောင်း သဘောထား ထုတ်ပြန်ပါတယ်။

ဆရာမ ဂျာထွယ်ပန်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်နေသော နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လျက်ရှိတယ်လို့လည်း စစ်ကိုင်း ဖက်ဒရယ်ယူနစ် အခြေခံပညာရေးဘုတ်အဖွဲ့က ဖော်ပြပြီး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး ဖော်ဆောင်ရာမှာ ကိုယ်အား စိတ်အား ဉာဏ်အား တို့နဲ့ မဆုတ်မနစ် ပါဝင်ခဲ့သူ ဖြစ်လို့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးရဲ့ အနှစ်သာရတွေကို အကောင်းမွန်ဆုံး ဖောင်ဆောင်ပေးနိုင်လိမ့်မယ် လို့ အပြည့်အ၀ ယုံကြည်ကြောင်း ထုတ်ပြန်ပါတယ်။

အလားတူ မန္တလေးဒေသတွင်းရှိ အခြေခံ ပညာရေး ဘုတ်အဖွဲ့အများစုကလည်း CBBE ကနေ ၂၀၂၃ ဒီဇင်ဘာလကတည်းက နှုတ်ထွက်ထားပြီးဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားပါတယ်။မန္တလေးဒေသက မြို့နယ် ၂၁ခုကလည်း CBBEက နှုတ်ထွက်ထားပြီးဖြစ်သလို ပုသိမ်ကြီးမြို့နယ်ဟာ အစကတည်းက ပါဝင်ခဲ့ခြင်းမရှိဘူးလို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ