close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုအဖြစ် ကုလညီလာခံ ထပ်မံအတည်ပြု

ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာကြောင့် လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဆက်လက်တက်ရောက်ခွင့်ရရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring

ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာကြောင့် လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဆက်လက်တက်ရောက်ခွင့်ရရှိနေတယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၉နိုင်ငံပါဝင်တဲ့ အရည်အချင်းစစ်ကော်မတီ(Credentials Committee)ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တင်သွင်းမှု(၂)မျိုး လက်ခံရရှိထားတဲ့အပေါ် ရွေးချယ်ခန့်အပ်မှုအတွက် စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်လို့ ဆုံးဖြတ်ခဲ့သလို ဒီဇင်ဘာ ၁၂ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးကလည်း Credentials Committee ရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒနဲ့ အတည်ပြုချမှတ်ခဲ့ပါတယ်။

“မနှစ်ကဆုံးဖြတ်ချက်နဲ့ အတူတူပါပဲခင်မျ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring ကို ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သံအမတ်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ အရင်နှစ်တွေအတိုင်း လက်ရှိကျင်းပနေတဲ့ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပုံမှန် ကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီနဲ့ ပင်မကော်မတီ အစည်းအဝေးများ၊ ကုလသမဂ္ဂ ပင်မအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေရဲ့ အခြား ဆက်စပ်အစည်းအဝေးများကို ဆက်လက် ပါဝင်၊ တက်ရောက်၊ ဆွေးနွေးနေကြောင်း မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုလသမဂ္ဂမျက်နှာစာကနေ နိုင်ငံတကာကို အသိပေးတင်ပြပြောကြားကာ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အာဏာရှင်စနစ်နဲ့ တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို မရပ်မနား ကျူးလွန်လျက်ရှိတဲ့ တရားခံအကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့အပေါင်းအပါတွေကို နိုင်ငံတကာ တရားစီရင်မှုတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရေးတို့အတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်း ဆောင်ရွက်နေမှုတွေကို သိရှိစေဖို့၊ အရေးယူဆောင်ရွက်မှုတွေရှိလာစေဖို့ ဆက်လက် အားထုတ်ကြိုးပမ်းသွားမယ်လို့ အသိပေးပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ပြီးခဲ့တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွေ၊ ပင်မကော်မတီ အစည်းအဝေးတွေ၊ လုံခြုံရေး ကောင်စီ၊ စီးပွားရေးနဲ့ လူမှုရေးကောင်စီ၊ အခြား အဆင့်မြင့် အစည်းအဝေးတွေနဲ့ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ မိန့်ခွန်း စုစုပေါင်း (၇၆) ခု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်" ကြွေးကြော်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲကို အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားရောက် မြန်မာများ ပြုလုပ်

သတင်း

အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများစုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကို ယနေ့ (စက်တင်ဘာ ၂၁) ပြုလုပ်ခဲ့သည်။

Facebook