close
Connect with us

Hi, what are you looking for?

အတွေးအမြင်

၂၀၂၆ကမ္ဘာ့ဖလားနဲ့နိုင်ငံရေး

ဗုံးသံတွေ၊အမြောက်သံတွေ၊ငိုသံတွေ၊ဆီတန်းစီနေတဲ့မော်တော်ယာဉ်သံတွေ၊(မြန်မာနိုင်ငံမှာတော့) စစ်တပ်လွှတ်​တော်က​နေ စစ်တပ်ထုတ်သမ္မတအသစ်ကျပ်ချွတ်ရဲ့’ဆင်ဖမ်းမယ်ကျားဖမ်းမယ်’ဆိုတဲ့အသံတွေကြားမှာပဲအလုံးတစ်လုံးကို လူ ၂၂ ‌​ယောက်ဝိုင်းလုမယ့်ကစားနည်းဟာကမ္ဘာ့စင်မြင့်ပေါ်ကိုတက်လာနေပါပြီ။

-အမောင်​ရေးသားသည်။

ဗုံးသံတွေ၊အမြောက်သံတွေ၊ငိုသံတွေ၊ဆီတန်းစီနေတဲ့မော်တော်ယာဉ်သံတွေ၊(မြန်မာနိုင်ငံမှာတော့) စစ်တပ်လွှတ်​တော်က​နေ စစ်တပ်ထုတ်သမ္မတအသစ်ကျပ်ချွတ်ရဲ့’ဆင်ဖမ်းမယ်ကျားဖမ်းမယ်’ဆိုတဲ့အသံတွေကြားမှာပဲအလုံးတစ်လုံးကို လူ ၂၂ ‌​ယောက်ဝိုင်းလုမယ့်ကစားနည်းဟာကမ္ဘာ့စင်မြင့်ပေါ်ကိုတက်လာနေပါပြီ။

လာမယ့်ဇွန်လ ၁၁ ရက်နေ့မှာ၂၀၂၆ကမ္ဘာ့ဖလားဖွင့်ပွဲကိုမက္ကစီကိုနိုင်ငံရဲ့မြို့တော်မက္ကစီကိုစီးတီးမှာကျင်းပမှာပါ။ဒီတစ်ခါကမ္ဘာ့ဖလားပွဲကိုအမေရိကန်ပြည်ထောင်စု၊မက္ကစီကို နဲ့ ကနေဒါတို့ပူးတွဲကျင်းပကြမှာပါ ဖြစ်ပါတယ်။ဖွင့်ပွဲကတော့အိမ်ရှင်မက္ကစီကိုနဲ့တောင်အာဖရိကတို့ကစားကြပါလိမ့်မယ်။

နိုင်ငံရေး၊စစ်ရေးနဲ့စီးပွားရေးအကြပ်အတည်းတွေကြားမှာကျင်းပမယ့်ဒီနှစ်ကစားပွဲဟာထူးခြားလှ ပါတယ်။ဒါပေမယ့်သမိုင်းမှာလည်းဘောလုံးဟာနိုင်ငံရေးနဲ့ဒွန်တွဲနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

●နိုင်ငံရေး

၁၉၃၄ ကမ္ဘာ့ဖလားပွဲဟာအီတလီမှာကျင်းပခဲ့ပြီး၊အာဏာရှင်မူဆိုလီနီကဖက်ဆစ်ဝါဒကိုမီးရှူးမီးပန်း ဖေါက်ဖို့ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ထုံးစံအတိုင်းသပိတ်မှောက်တဲ့နိုင်ငံတွေရှိပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးကာလဖြစ်ပြီးဒိုင်လူကြီးတွေကိုခြိမ်းခြောက်တာတွေ၊ဖိအားပေးတာတွေရှိပါသတဲ့။အများမျှော်လင့်ထားသလိုပဲအိမ်ရှင်အီတလီကဗိုလ်စွဲခဲ့ပါတယ်။

၁၉၅၄ ကမ္ဘာ့ဖလားကိုတော့ဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့ပါတယ်။ဆိုဗီယက်ခေါင်းဆောင်တဲ့လက်ဝဲနိုင်ငံတွေ နဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်ဒီမိုကရေစီနိုင်ငံတွေကြားမှာ စစ်အေးတိုက်ပွဲအင်မတန်ပြင်းထန်နေတဲ့ခေတ်ကာလပါ။ဖိုင်နယ်မှာဆိုဗီယက်ဩဇာခံ ဟန်ဂေရီ နဲ့အနောက်အုပ်စုကအနောက်ဂျာမဏီထိပ်တိုက်တွေ့ပါတယ်။စစ်ပွဲတစ်ပွဲပါပဲ။အနောက်ဂျာမဏီကအနိုင်ရခဲ့ပါတယ်။

၁၉၇၈ ကမ္ဘာဖလားကတော့အာဂျင်တီးနားမှာစစ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာကျင်းပတာပါ။နိုင်ငံအတွင်းမှာလူ့အခွင့်အရေးချိုးဖေါက်မှုတွေအဆိုးဆုံးရောက်နေတဲ့အချိန်ဖြစ်ပါတယ်။စစ်အာဏာရှင်ဟာ သူ့အစိုးရရဲ့သိက္ခာကိုအဖတ်ဆယ်ဖို့ ဒီပွဲကိုမဖြစ်မနေပြုလုပ်ခဲ့ပါတယ်။အားကစားကွင်းတွေရဲ့အနီးအနားမှာပဲအကျဉ်းသားတွေကိုနှိပ်စက်တဲ့စခန်းတွေရှိနေခဲ့ပါတယ်။ နိုင်ငံတကာကအော့ကြောလန်ခဲ့ပါတယ်။အိမ်ရှင်အာဂျင်တီးနာကပဲဗိုလ်စွဲခဲ့ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလားပွဲကတော့သမိုင်းမှာထူးထူးခြားခြားပဲငြိမ်းချမ်းရေး ဖေါ်ဆောင်ခဲ့ပါတယ်။ပြင်သစ်မှာ ကျင်းပတဲ့ဒီပွဲမှာ ကမ္ဘာ့ရန်ဘက်တွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စု နဲ့ အီရန်တို့ဆုံတွေ့ကြပါတယ်။ပွဲမစခင်မှာအီရန်ကစားသမားတွေကအမေရိကန်ကစားသမားတွေကိုနှင်းဆီဖြူလေးတွေလက်ဆောင်ပေးပြီးနှစ်သင်းအတူဓါတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ဒီပွဲကို Mother of All Games လို့တင်စားခဲ့ကြတယ်။အီရန်က ၂ – ၁ နဲ့အနိုင်ရခဲ့ပါတယ်။

●စီးပွားရေး

၁၉၃၀ ပထမဆုံးကမ္ဘာ့ဖလားပွဲကိုဥရုဂွေးမှာကျင်းပချိန်မှာတစ်ကမ္ဘာလုံးစီးပွားပျက်ကပ်နဲ့ ရင်ဆိုင် နေရတာပါ။ကမ္ဘာ့ဖလားဆိုတဲ့ယဉ်ကျေးမှုကြီးစတင်ကတည်းက စီးပွားရေး ဒုက္ခနဲ့မကင်းခဲ့ပါဘူး။ မြန်မာနိုင်ငံမှာတော့ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမားအရေးတော်ပုံကြီးဖြစ်ပွါးခဲ့ပါတယ်။ပဲခူးငလျင်ကြီး လှုပ်ခဲ့ပါတယ်။ခရီးစရိတ်မြင့်မားလွန်းလို့နိုင်ငံတော်တော်များများမယှဥ်ပြိုင်ခဲ့ကြပါဘူး။ ဥရုဂွေးကပဲ ဗိုလ်စွဲခဲ့ပါတယ်။

၁၉၈၆ ကမ္ဘာ့ဖလားကတော့မူလကကိုလံဘီယာမှာကျင်းပဖို့ပါ။အိမ်ရှင်လုပ်မယ့်ကိုလံဘီယာကဒေဝါလီခံလုလုဖြစ်နေတာကြောင့် မက္ကစီကိုကိုလွှဲပေးလိုက်ပါတယ်။မက္ကစီကိုကလည်းငလျင်ဒဏ်နဲ့စီးပွားရေးပြိုလဲနေခဲ့တာပါ။ဒါပေမယ့်ဂုဏ်သိက္ခာအတွက်အံကြိတ်ပြီးကျင်းပခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖားကတော့ပထမဆုံးအကြိမ်အာဖရိကတိုက်မှာကျင်းပခဲ့တာဖြစ်ပြီးတောင်အာဖရိကကအိမ်ရှင်ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်နိုင်ငံတကာစီးပွားရေးကျဆင်းမှုကြီးဖြစ်ပြီးနှစ်နှစ်အကြာမှာကျင်းပတာပါ။စီးပွားရေးမကောင်းတဲ့အချိန်မို့ခရီးသွားလုပ်ငန်းတွေထင်သလောက်အဆင်မပြေခဲ့ကြပါဘူး။

-၂၀၂၆ကမ္ဘာ့ဖလားဘာတွေထူးခြားသလဲ

●အမေရီကန်နဲ့အီရန်ပြဿနာ

ပြီးခဲ့တဲ့လအတွင်းကအီရန်အစိုးရကစစ်ပွဲဖြစ်တဲ့အချိန်မှာတော့လာရောက်ယှည်ပြိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ သမ္မတထရန့်ကလည်းအီရန်ကစားသမားတွေရဲ့လုံခြုံရေးကိုအာမ မခံနိုင်ဘူးလို့ပြန်ပြောပါတယ်။အီရန်အသင်းကစားရမယ့်ပွဲအားလုံးဟာကနေဒါ နဲ့ မက္ကစီကိုမှာမဟုတ်ပဲအမေရိကန်မှာပါ။အီရန်ဘောလုံးအဖွဲ့ချုပ်ကသူတို့ကစားရမယ့်ပွဲစဉ်တွေကို မက္ကစီကို ဆီကိုရွှေ့ပေးဖို့တောင်းဆိုပေမယ့်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကလက်မခံခဲ့ပါဘူး။

●အီရန်ကိုအီတလီနဲ့အစားထိုးမလား

အီရန်နေရာကိုခြေစစ်ပွဲမအောင်တဲ့အီတလီနဲ့အစားထိုးဖို့အမေရိကန်ဖက်ကတောင်းဆိုထားပါတယ်။ ဖီဖာ (FIFA)ကတော့အီရန်လာပြိုင်မှာပါလို့ပဲပြောနေပါတယ်။

●ရေခဲတုံးများရဲ့ခြိမ်းခြောက်မှု

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ U.S Immigration and Customs Enforcement (ICE) ကဒုက္ခ ပေးမှာကိုလာကြည့်မယ့်တခြားနိုင်ငံကပြည်သူတွေရောအမေရိကန်ကပြည်သူတွေရောစိုးရိမ်ပူပန်နေကြပါတယ်။ပြည်သူတွေကစတင်ဆန္ဒပြနေကြပါပြီ။

●အဆမတန်မြင့်တက်နေတဲ့ဈေးနှုန်းများ

သမ္မတထရန့်စပွန်ဆာနဲ့ကျင်းပတဲ့အီရန်စစ်ပွဲကြောင့် ဖြစ်လာတဲ့စီးပွားရေးကျဆင်းမှုကကုန်ဈေးနှုန်းတွေကိုနတ်ပြည်အထိရောက်အောင်ဆွဲတင်နေပါတယ်။ ဒီအထဲမှာပြည်တွင်းပြည်ပသွားလာမှုစရိတ်တွေနဲ့ဘောလုံးပွဲလက်မှတ်တန်ဘိုးတွေလည်းအပါအဝင်ပါ။ အစကမျှော်လင့်ထားသလောက်ခရီးသွားတွေ မလာနိုင်ဘူးလို့တွက်ချက်နေကြပါတယ်။

●အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်

၃၆၀ ဒီဂရီ ရန်ဖြစ်နေတဲ့တရမ့်အစိုးရလက်ထက်မှာကျင်းပတဲ့ကစားပွဲတွေကိုကြည့်ဖို့ အတော်အားတင်း ရတယ်လို့ပြောနေသူတွေရှိပါတယ်။ငယ်ငယ်ကပြောသလိုမကောင်းသူထိပ်ကောင်းသူထိပ်ပါပဲ။

●မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲလား

ကမ္ဘာကျော်ဘောလုံး ဂန္ထဝင်နှစ်ဦးလုံးရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ဖို့အတော်နီးစပ်သွားပါပြီ။ရော်နယ်ဒိုကတော့တရားဝင်ထုတ်ဖေါ်ပြောသွားပါပြီ။ဒီကမ္ဘာ့ဖလားစကန်တဲ့အချိန်မှာသူဟာ၄၁နှစ်ပါ။မက်ဆီကတော့၃၉နှစ်ဖြစ်မှာပါ။သူကတော့ယတိပြတ်မပြောသေးပါဘူး။သူတို့နှစ်ဦးလုံးသာဒီတစ်ခါဝင်ကန်မယ်ဆိုရင်သမိုင်းမှာပထမဆုံးအကြိမ်ကမ္ဘာ့ဖလားကို၆ကြိမ်ဆက်တိုက်ကန်ဖူးတဲ့ကစားသမားနှစ်ဦးအဖြစ် မှတ်တမ်းဝင်ကြမှာပါ။

မက်ဆီရဲ့စပွန်ဆာဖြစ်တဲ့Adidas ကုမ္ပဏီက၂၀၂၆ ကမ္ဘာ့ဖလားမှာမက်ဆီကန်ဖို့ ဖိနပ်ကိုထုတ်လုပ် ပြီးသွားပါပြီ။ ဖိနပ်နာမည်က (The Last Tango) ‘နောက်ဆုံးကခုန်ခြင်း’ ပါတဲ့။ ။

ဆက်စပ်သတင်းများ

Trending

Facebook