Hi, what are you looking for?
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းထွက်ပြေးနေကြပါတယ်။
ထိုင်း - မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။