Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရှုပ်ထွေးနေတဲ့ အခြေအနေမှာ အမေရိကန် ပြည်သူတွေ သွေးမဆူကြဖို့ ဘိုင်ဒန် မေတ္တာရပ်ခံ

ခရွတ်စ်ခ်ဟာ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံသူ တစ်ဦးအဖြစ် မဲစာရင်း ပေးထားပေမယ့်လည်း သူ့ရဲ့ နိုင်ငံရေး အမြင်ရှုထောင့်တွေကို ဘယ်တုန်းကမှ ထုတ်ဖော်ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

ရှုပ်ထွေးနေတဲ့ အခြေအနေမှာ အမေရိကန် ပြည်သူတွေ သွေးမဆူကြဖို့ ဘိုင်ဒန် မေတ္တာရပ်ခံ
ရှုပ်ထွေးနေတဲ့ အခြေအနေမှာ အမေရိကန် ပြည်သူတွေ သွေးမဆူကြဖို့ ဘိုင်ဒန် မေတ္တာရပ်ခံ

ရွေးကောက်ပွဲပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်ကို ပစ်ခတ်လုပ်ကြံဖို့ အားထုတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့အပြီး အမေရိကန် ပြည်သူတွေ အလွန်အကျွံ သွေးမဆူကြဖို့ သမ္မတ ဂျိုးဘိုင်ဒန်က မေတ္တာရပ်ခံ တိုက်တွန်းသွားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဘိုင်ဒန်က အမေရိကန် နိုင်ငံရေး နယ်ပယ်ဟာ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် လူသတ်ကွင်း ဖြစ်လာလို့ မရဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ မကျေပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ပင်ဆယ်လ်ဗေးနီးယားမှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှု တစ်ခုမှာ သေနတ်နဲ့ အပစ်ခံရတာ ဖြစ်ပါတယ်။ အဲဒီလုပ်ကြံဖို့ အားထုတ်မှုမှာ ထရမ့်ဟာ နားထင်နားမှာ ကျည်ဆန် ရှပ်မှန်ခဲ့ပြီး သေဘေးက လွတ်မြောက်ခဲ့ပါတယ်။ သေနတ်သမားကိုတော့ လုံခြုံရေး အေးဂျင့်တွေက ရှင်းလင်းခဲ့ပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်း ၄ နှစ်တာနီးပါး ကာလတလျှောက် တတိယ အကြိမ်အဖြစ် အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းကနေ ပြည်သူတွေဆီ တိုက်ရိုက်လိပ်မူတဲ့ မိန့်ခွန်းမှာတော့ ဘိုင်ဒန်က အမေရိကန် ပြည်သူတွေ အနေနဲ့ အခုအချိန်မှာ သွေးဆူမနေဘဲ နောက်တစ်လှမ်း ခဏဆုတ်ထားဖို့ လိုကြောင်း၊ လက်ရှိ အနေအထားအရ နိုင်ငံရေး အရှုပ်အထွေးတွေဟာ အမေရိကန်မှာ အရမ်း ပွက်ပွက်ဆူနေကြောင်း သတိပေးသွားခဲ့ပါတယ်။

အပြန်အလှန် စွပ်စွဲငြင်းခုံမှုတွေ ဘယ်လောက် ပြင်းထန်နေပါစေ၊ အမေရိကန် နိုင်ငံရေး ကဏ္ဍဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်တဲ့ အဆင့်မျိုးဆီ နိမ့်ပါးမသွားဖို့ လိုတယ်လို့ ၇ မိနစ်နီးပါးလောက်သာ ကြာမြင့်တဲ့ မိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်ပြောသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စကားအပြောအဆိုတွေမှာ မေ့လျော့တာ၊ မှားယွင်းတာတွေကြောင့် သူ့ရဲ့ အသက်အရွယ် ကြီးရင့်မှုကို ဝေဖန်လှောင်ပြောင်တာတွေ ကြုံခဲ့ရဖူးပေမယ့် ဘိုင်ဒန်ဟာ ဒီတစ်ကြိမ်မှာတော့ တိုတောင်းပေမယ့် အားပါပြတ်သားတဲ့ မိန့်ခွန်းကို အမှားအယွင်းမရှိ ပြောဆိုသွားခဲ့ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြို ကာလတွေအတွင်း အမေရိကန်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေက ကြမ်းရှလာနေပြီး အဲဒါကိုက အမေရိကန် ပြည်သူတွေ အတူလက်တွဲ ဖြတ်သန်းနိုင်စွမ်းကို ဆန်းစစ်မှု ဖြစ်လာနိုင်ကြောင်းလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေမှာ ထရမ့်နဲ့ ဘိုင်ဒန်ကြား လူထုထောက်ခံမှု မတိမ်းမယိမ်း ဖြစ်နေခဲ့ပေမယ့် အခုလုပ်ကြံဖို့ အားထုတ်မှုအပြီး ထရမ့်ဖက်ကို ကရုဏာမဲတွေ ပိုပြီး ယိမ်းလာဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း အားကောင်းလာနေပါတယ်။

နိုင်ငံရေးကို အကြမ်းဖက် နည်းလမ်းနဲ့ ဖြေရှင်းမှုမျိုးတွေ အမေရိကန် သမိုင်းကြောင်းမှာ ကြုံတွေ့ခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီ မှောင်မိုက်တဲ့ လမ်းဟောင်းဆီ ပြန်မသွားဖို့ အထူးအရေးကြီးကြောင်း ဘိုင်ဒန်က ထောက်ပြခဲ့ပါတယ်။ သူက အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပလော့စီကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်၊ ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ကို စီးနင်းခဲ့တဲ့ ဖြစ်စဉ်မျိုးတွေကိုလည်း ကိုးကားပြသွားခဲ့ပါတယ်။

အမေရိကန်မှာ သဘောထား ကွဲလွဲမှုတွေကို မဲပုံးတွေနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း၊ ကျည်ဆန်တွေနဲ့ မဟုတ်ကြောင်းလည်း ဘိုင်ဒန်က ဆက်ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာဟာ အသက် ၂၀ အရွယ်ရှိပြီး အထက်တန်း အောင်မြင်ထားသူ သောမတ်စ် မက်သရူး ခရွတ်ခ်စ် ဆိုသူလို့ FBIက ထုတ်ပြန်ထားပါတယ်။ သူ့ရဲ့ လုပ်ကြံမှု နောက်ကွယ်က အကြောင်းရင်းကို အခုအချိန်ထိ မသိရသေးပါဘူး။ CBS သတင်းဌာနရဲ့ အဆိုအရ ခရွတ်စ်ခ်ကို ရှင်းလင်းသုတ်သင်ပြီးနောက်ပိုင်း သူ့အိမ်ကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်း ရှာဖွေတဲ့ အခါမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှာတွေ့ခဲ့တယ်လို့လည်း သိရပါတယ်။

ခရွတ်စ်ခ်ဟာ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံသူ တစ်ဦးအဖြစ် မဲစာရင်း ပေးထားပေမယ့်လည်း သူ့ရဲ့ နိုင်ငံရေး အမြင်ရှုထောင့်တွေကို ဘယ်တုန်းကမှ ထုတ်ဖော်ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇူလိုင် ၁၃ ရက်နေ့က ပယ်ဆယ်လ်ဗေးနီးယားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကြို မဲဆွယ်ပွဲမှာ ထရမ့်ဟာ လူတစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံဖို့ အားထုတ်မှုနဲ့ ကြုံခဲ့ပြီး ညာဖက်နားရွက် အထက်နားမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ချိန် ကတည်းက NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေး အစီအမံတွေကို အပူတပြင်း တိုးမြှင့်နေခဲ့ကြပါတယ်။

နိုင်ငံတကာ

လူထုအမြင် စစ်တမ်းတွေမှာ သူဟာ ထရမ့်ရဲ့နောက်က လိုက်နေရတယ်ဆိုတဲ့ ကိစ္စကိုလည်း ပယ်ချခဲ့ပြီး စကားပြောကြည့်ဖူးသမျှ စစ်တမ်း အဖွဲ့အစည်းတွေက သူ့အပေါ် ထောက်ခံနှုန်း တက်ရိပ်ပြလာတယ်လို့ချည်း ပြောပြခဲ့တယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။