Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ် ထိပ်တန်း စစ်ဦးစီးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေး ထုတ်ပြန်

ဟားမားစ် ပြောက်ကျားတွေရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိ မိုဟာမက် ဒိုင်ဖ်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားတွေရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိ မိုဟာမက် ဒိုင်ဖ်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဂါဇာကမ်းမြှောင် ဒေသထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုထဲမှာ ဒိုင်ဖ်သေဆုံးခဲ့တယ် ဆိုတာကို ထောက်လှမ်းရေး သတင်းတွေအရ အတည်ပြုနိုင်ကြောင်း IDFက ဩဂုတ် ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ IDFဟာ ဇူလိုင် ၁၃ ရက်နေ့က ခန်ယူနစ် မြို့မှာရှိတဲ့ ပစ်မှတ်နေရာ တစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက အီရန်နိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားပြီး နောက်တစ်ရက်မှာပဲ IDFက အခုသတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဟာနီယာ သေဆုံးမှုဟာ အစ္စရေး လက်ချက်လို့ အီရန်နဲ့ ဟားမားစ်တို့က စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။

ဒိုင်ဖ်သေဆုံးသွားပြီဆိုတဲ့ IDF ထုတ်ပြန်ချက်အပေါ် လောလောဆယ် ဟားမားစ်တွေဖက်က အတည်ပြုတာ၊ ငြင်းဆိုတာ ဘာမှမလုပ်သေးဘဲ နှုတ်ဆိတ်နေပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးက အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးတောင်ပိုင်း နယ်စပ်ကို ဟားမားစ်တွေက ကျူးကျော်ခဲ့တဲ့ ရန်လိုတိုက်ခိုက်မှုမှာ ဒိုင်ဖ်ဟာ အရေးအပါဆုံး ကြိုးကိုင်သူ တစ်ယောက်လို့ စွပ်စွဲထားပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အစ္စရေးဖက်မှာ လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ၂၅၀ ကျော် ဓားစာခံတွေအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို ဘက်ပေါင်းစုံကနေ ဆန်းစစ်ခဲ့ကြောင်း၊ အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒိုင်ဖ်ကို သုတ်သင်နိုင်ခဲ့တယ်ဆိုတာ အတည်ပြုချက် ပေးနိုင်ကြောင်း IDF ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟားမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက စစ်ရှောင်တွေ စုဝေးနေထိုင်ရာ ဇုန်တစ်ခုကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ကြေညာပေမယ့် အဲဒီထဲမှာ ဒိုင်ဖ်ပါဝင်တယ် ဆိုတာကိုတော့ အစောပိုင်းတုန်းက ငြင်းဆိုထားပါတယ်။

ဒိုင်ဖ်ဟာ ဂါဇာမှာ လှုပ်ရှားနေတဲ့ ဟားမားစ် လက်နက်ကိုင် အင်အားစုတွေရဲ့ ဒုတိယ ခေါင်းဆောင်လို့ သတ်မှတ် ခံထားရပြီး အဖွဲ့ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါရဲ့ အားအကိုးဆုံး လက်ရုံးတစ်ဦးအဖြစ် လူသိများပါတယ်။ ပြီးတော့ သူဟာ ဟားမားစ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အဓိက ကွပ်ကဲနေသူလို့လည်း ယုံကြည်ရပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ် ဂဲလန့်က ဒိုင်ဖ်ကို ရှင်းလင်းနိုင်ခဲ့ခြင်းဟာ ဟားမားစ်ကို တစ်စစီ ဖြိုခွဲမယ့် ရည်မှန်းချက်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။ ဒိုင်ဖ်ဟာ ဟားမားစ်တွေရဲ့ တိုက်ခိုက်ရေး ယူနစ်ဖြစ်တဲ့ အစ်ဇီဒိုင် အယ်လ်ကာဆမ် တပ်ရင်းတွေရဲ့ ဦးစီး အရာရှိအဖြစ် ၂၀၀၂ ခုနှစ် ကတည်းက ခန့်အပ် ခံထားရပါတယ်။ သူဟာ အစ္စရေးရဲ့ အလိုအရှိဆုံး နံပါတ်တစ် ရန်သူတော် တစ်ဦးအဖြစ် ဆယ်စုနှစ်တွေ ကြာမြင့်တဲ့ထိ ရပ်တည်နေခဲ့ပြီး အရင်ကလည်း လုပ်ကြံဖို့ အားထုတ်မှု တချို့ ကြုံခဲ့ဖူးပေမယ့် လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန် ပိုင်နက်ထဲမှာ နက်နက်ရှိုင်းရှိုင်း တည်ရှိတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျား စခန်းတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၂၇ ရက်နေ့တုန်းက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က စွပ်စွဲခဲ့ပြီး ဟစ်ဇ်ဘိုလာတွေကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ဆက်နွှယ်မှု လုံးဝ မရှိဘူးလို့ အကြောက်အကန် ငြင်းဆိုထားပါတယ်။