close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခံရမှု ကျူးလွန်သူအမည်မပါဘဲ UNICEF စိုးရိမ်ကြောင်း စာထုတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘော်ဒါဆောင်ကျောင်းကို ညနက်သန်းခေါင် တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိတဲ့ သတင်းတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူများ။ ဓာတ်ပုံ - ဝေဟင်အောင်

စက်တင်ဘာ-၁၃၊ ၂၀၂၅။ People’s Spring

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘော်ဒါဆောင်ကျောင်းကို ညနက်သန်းခေါင် တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိတဲ့ သတင်းတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းကို ရက်စက်စွာတိုက်ခိုက်မှုကြောင့် ကလေးငယ်များသေဆုံးမှုအတွက် UNICEF က သဘောထားကြေညာချက်ထုတ်ပြန်ပေမယ့် အဲဒီတိုက်ခိုက်မှုကို ကျူးလွန်သူကို ဖော်ပြခြင်းမရှိပါဘူး။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းစာ သင်ကျောင်းတွေကို စစ်

Public Service Announcement

Public Service Announcement

ကောင်စီက စက်တင်ဘာ ၁၂ရက် မနေ့ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖြစ်စဥ်ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီး သေဆုံး၊ ဒဏ်ရာရခဲ့​တဲ့ ​ကျောင်းသား၊​ ကျောင်းသူတွေရဲ့ အမည်၊ ဓါတ်ပုံနဲ့ အချက်အလက်အ​သေးစိတ်ကိုပါ ထပ်မံထုတ်ပြန်အသိပေးပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကလည်း​ ဗုံးကြဲခံရပြီး သေဆုံးသူတွေဟာ ကျောင်းသား၊​ကျောင်းသူများမဟုတ်ဘဲ စစ်သင်တန်းတက်​နေသူတွေဆိုပြီး သတင်းအမှားဖြန့်​ဝေ​ကာ စစ်ကောင်စီက အဆိုပါအစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြဝန်ခံခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ သေဆုံးခဲ့​တဲ့ ကျောင်းသား၊​ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်ကနေ အသက်အကြီးဆုံး ၂၁ နှစ်အထိ ပါဝင်တာတွေ့ရပါတယ်။ အသက် ၁၆ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ်​ကျောင်းသားအများဆုံးဖြစ်ပြီး Grade-8 ကနေ Grade-12 တို့မှာ ပညာသင်ယူ​နေကြတဲ့ ​ကျောင်းသား ​ကျောင်းသူတွေဖြစ်ပါတယ်။ ​​ သေဆုံးသူ ၁၉ ဦးမှာ ​​ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာ​ ကျောင်းသားတွေဖြစ်ပါတယ်။

UNICEF ကတော့ အဆိုပါတိုက်ခိုက်မှုရဲ့ လက်သည်တရားခံအမည်ကို ဖော်ပြခြင်းမရှိပေမယ့် တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်မှာ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုပုံစံတရပ်ဖြစ်ပြီး ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အဆိုးရွားဆုံး အကျိုးဆက်တွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာမှုတွေ မြင့်မားလာမှုနဲ့အတူ ရခိုင်ပြည်နယ်တဝှမ်းရှိ မိသားစုတွေဟာ ပြင်းထန်တဲ့ ဒုက္ခတွေ၊ အစားအသောက်ရှားပါးမှုတွေနဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေ ပြိုလဲခြင်းတို့ကိုလည်း ရင်ဆိုင်နေရတယ်လို့ UNICEF က ဆိုပါတယ်။

ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမယ်လို့ UNICEF က ဖော်ပြပါတယ်။ ဘယ်အဖွဲ့အစည်းကို တောင်းဆိုတယ်ဆိုတာတော့ မပါရှိပါဘူး။

ပဋိပက္ခမှာပါဝင်သူတွေအနေနဲ့ နိုင်ငံတကာဥပဒေအရ ကလေးငယ်တွေအပါအဝင်အရပ်သားတွေကို ကာကွယ်ဖို့၊ အရပ်သားအဆောက်အဦတွေကို စောင့်ရှောက်ဖို့နဲ့ အကူအညီတကယ်လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ အသက်ကယ်အကူအညီတွေ ရောက်ရှိဖို့ ခွင့်ပြုပေးရမယ်လို့ UNICEF က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၁၂ရက်)နံနက် အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း လေးဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂ဦးအထိရှိပြီဖြစ်ကာ ဒဏ်ရာရသူ၂၁ဦးအနက် ၆ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သတင်းရရှိသည်။

သတင်း

ကျောက်တော်မြို့ရှိကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီကယနေ့နံနက် အစောပိုင်းတွင်ဗုံးကြဲသဖြင့် ကျောင်းသားများနှင့်အနီးအနားမှ ကလေးငယ်အချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

တည်ငြိမ်သောစစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိတားမြစ်ထားမည်

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားခြင်းအပေါ် အာရက္ခတပ်တော် (ULA/AA)နှင့် ပအိုဝ်းတော်လှန်ရေးအင်အားစုများဖြစ်သော PNLO၊ PNFC တို့ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။