အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်း အရှိန်မြှင့်တိုက်ခိုက်နေ 

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်းအတွင်း လေကြောင်း၊ ရေကြောင်းတို့မှ အသည်းအသန် တိုက်ခိုက်နေသည်။ 

စစ်တပ်သည် AA သိမ်းပိုက်ထားသည့် ဂွမြို့နယ်နှင့်သံတွဲမြို့ နယ်တို့ကို စက်တင်ဘာလ ၃ ရက်ကပင် ပင်လယ်ပြင်ရှိ စစ်ရေယာဥ်များမှ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ပုဏ္ဏားကျွန်းနှင့်ရသေ့တောင်မြို့နယ်တို့ကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။ 

“လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ကမ်းစပ်နဲ့နီးတဲ့နေရာတွေကလူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရတယ်။ အဲဒီစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် စက်တင်ဘာ ၄ ရက်ကလည်း စစ်တွေမြို့ရှိ လက်နက်ကြီးစခန်းများ၊ ပင်လယ်ပြင်တွင် ရပ်နား ထားသည့် စစ်ရေယာဥ်တို့မှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့ကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ သောကြောင့် AA ဘက်ကလည်း တန်ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရင်နေ့တွေတုန်းက (နှစ်ဖက်တပ်တွေအကြား) လက်နက်ကြီးပစ်ခတ်သံတွေ တော်တော်ကြီး ကြားရတယ်။ ဒီနေ့တော့ နည်းနည်း ငြိမ်နေတယ်။ ဒါပေမဲ့ ပစ်ခတ်သံတွေ နည်းနည်းကြားနေရပါတယ်”ဟု ၎င်းက ယနေ့အခြေအနေကိုပြောသည်။

ယနေ့(စက်တင်ဘာလ ၇ ရက်)၊ နံနက် ၈ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ သို့သော်ထိုမြို့တွင် ဒေသခံများနေထိုင်ခြင်းမရှိသောကြောင့် ထိခိုက်မှုများမရှိခဲ့ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူ သံတွဲမြို့ကိုလည်း ယနေ့(စက်တင်ဘာလ ၇ ရက်)၊ နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရှိရသေးဟု သံတွဲဒေသခံများက ဆိုကြသည်။ 

စစ်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေးပစ်ခတ်နိုင်သောကြောင့် ကမ်းခြေ၊ ချောင်းကမ်းနံဘေးအပါအဝင် မြို့၊ ရွာအသီးသီး၌ နေထိုင်ကြသူများအနေဖြင့် အထူးသတိထားရန်လည်း AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ထားသည်။ 

လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန်အတွက် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ 

AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄  မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိသည့် ပြည်နယ်မြို့တော်စစ်တွေ၊တရုတ်ရင်းနှီးမြှုပ်နှံ မှုများရှိသည့် ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့ကိုလည်း ၂၀၂၇ ခုနှစ် မတိုင်ခင်တိုက်ခိုက်သိမ်းပိုက်မည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။ 

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM တွင် ပါဝင်ခဲ့သည့် စစ်ရေးလေ့လာစောင့်ကြည့်သူ ဗိုလ်ကြီးဇင်ယော်က ကျောက်ဖြူကို တိုက်ခိုက်သိမ်းပိုက်ရန်ကြန့်ကြာနေခြင်းမှာ တရုတ်၏ ဖိအားကြောင့်ဖြစ်နိုင်ကာ စစ်တွေမြို့သိမ်းတိုက်ပွဲစတင်နိုင်ခြေရှိကြောင်း ခန့်မှန်းသည်။

“ကျောက်ဖြူကတော့ တရုတ်ရဲ့ စနက်မကင်းဘူးပေါ့နော်။ ဒါကြောင့် စတိုက်တဲ့အချိန်မှာ အာရက္ခတပ်က ပုံမှန် မြို့ သိမ်းတိုက်ပွဲဆင်နွှဲခြင်းဖြစ်ပေမယ့် နောက်ပိုင်းမှာကျတော့ အာရက္ခတပ်က တိုက်စစ်အဟုန်ချပစ်လိုက်ရတဲ့ အနေအထားမျိုး သွားတွေ့ရတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“အခု စစ်တွေက မြို့သိမ်းတိုက်ပွဲက စတော့မယ်။ စစ်တွေရဲ့ အနေအထား ကျွန်တော်လည်း ပြောပါတယ်။ မြို့က ကျဥ်းတယ်။ ကျွန်းမြို့လေးဖြစ်တယ်။ ခြေကုပ်ရဖို့ခက်တယ်။ ပြီးရင် နယ်မြေခံတပ်ရင်း ၁၅ ရင်းအပါအဝင် ရခိုင်တပြည်လုံးမှာ ပျက်လာတဲ့တပ်တွေ အကုန်လုံး စစ်တွေကိုရောက်နေတယ်။ အဲ့ဒီတော့ ခံစစ်ဆင်တဲ့သူ ဘက်က အားသာတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ အာရက္ခတပ်ဘက်က ပုဏ္ဏားကျွန်းဘက်ကို ဟ ပေးပြီးမှ စစ်တွေမြို့သိမ်းတိုက်ပွဲက အခုမှတကယ်စတော့မှာ ၊တကယ်စရင် အာရက္ခတပ်ရဲ့ မူအရ တကယ်မကြာပါဘူး”

AA သည် ရခိုင်ပြည်စစ်မြေပြင်များအပါအဝင် ရခိုင်နှင့်နယ်မြေချင်းထိစပ်နေသော ချင်းပြည်နယ်၊ ဧရာဝတီ ၊မ ကွေး ၊ပဲခူးတို့တွင်လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားလျက်ရှိသည်။ AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော ၊မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ တို့ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက် ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles