Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး ဓနုအမျိုးသားကာကွယ်ရေးတပ် (DPDF)ဖွဲ့စည်း

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်​ရေးရဲဘော်အချို့၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့်အပြင် PDF များထပ်ပေါ်ပေါက်လာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ကာ တော်လှန်ရေးအရှိန်ရပ်တန့်အောင် စစ်ကောင်စီက ကြိုးစားခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းလိုက်ပြီး ဓနုအမျိုးသားကာကွယ်ရေးတပ်(DPDF)အဖြစ် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် စုစည်းအားပိုကောင်းစေရန် ဓနုအမျိုးသားကာကွယ်ရေးတပ် – Danu People Defense Force (DPDF)ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဒေသက အညာဒေသတို့ ချင်းတို့ကရင်နီ​ဒေသတို့လို ဖြစ်ဖို့တော့ ကြိုးစားရအုံးမယ်။အဲ့ဒီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းအား သိပ်ကောင်းတယ်။ ဒေသအခြေအနေအရ လိုအပ်ချက်တွေရှိနေပေမယ့် ကျွန်တော်တို့ ကြိုးစားနေတယ်”ဟု ဓနုဒေသမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်းတယနှင့် ရွာငံသည် စစ်ကောင်စီနှင့် ပြည်ခိုင်ဖြိုးပါတီကြီးစိုးသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိသောဒေသဖြစ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် လူငယ်များဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြသည်။

ဧပြီအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီက လက်နက်အင်အားသာလွန်စွာဖြင့် ထိုးစစ်ဆင်ခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုများ တုံ့ဆိုင်းခဲ့သည်။

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်​ရေးရဲဘော်အချို့၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့်အပြင် PDF များထပ်ပေါ်ပေါက်လာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ကာ တော်လှန်ရေးအရှိန်ရပ်တန့်အောင် စစ်ကောင်စီက ကြိုးစားခဲ့သည်။

ရွာငံမြို့နယ်တစ်ခုတည်းတွင် စစ်ကောင်စီက သုံးလအတွင်း အပြစ်မဲ့ပြည်သူ ၁၀ဦးကို နှိပ်စက်သတ်​ဖြတ်ခဲ့ပြီး ၂၆ဦးဖမ်းဆီးခံရကာ ကျေးရွာ လေးရွာမှ ဒေသခံရှစ်ရာ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက ပျုစောထီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား စည်းရုံးကာ ပြည်သူ့စစ်အဖွဲ့အမည်ခံ ဓနုတပ်ကို ဖွဲ့စည်းရန် ကြိုးစားခဲ့သေးသည်။ စစ်ကောင်စီက ဖွဲ့စည်းသည့် ဓနုတပ်ကို လက်မခံကြောင်း ဓနုတိုင်းရင်းသားများက တုန့်ပြန်ခဲ့၍ ယင်းအစီအစဥ် အထမမြောက်ခဲ့ပေ။

စစ်ကောင်စီကထိုကဲ့သို့ နည်းမျိုးစုံ ဖိနှိပ်နေသည့်ကြားမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များက ဓနုအမျိူးသားကာကွယ်ရေးတပ်(DPDF)ကို ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို အားစိုက်လုပ်ဆောင်လာ​ခြင်းဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

သတင်း

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

သတင်း

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

သတင်း

ယင်းအစီအစဥ်၌ ခရီးသွားလက်မှတ်တွင် စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို Fully Cover ပေးမည့်အပြင် Adventure /Luxury စသည့် ဝန်​ဆောင်မှုနှစ်ခုလည်း ပါဝင်ကြောင်း အသိပေးသည်။