Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့လယ်ပိုင်း နေအိမ်မှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရပြီး သွေးသောက်အဖွဲ့တံဆိပ်ချိတ်ဆွဲသွား

စစ်အုပ်စုသတင်းတွေကို ဝါဒဖြန့်နေတဲ့ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွေမှာ သတ်ခံရတဲ့သားအမိတွေဟာ မြိုင် PDF အဖွဲ့က ရဲဘော်တစ်ဦးရဲ့ မအေနဲ့အမ ဖြစ်တယ်လို့ သတင်းဖြန့်နေတာတွေ့ရပါတယ်။

မန္တလေးမြို့လယ်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းကနေအိမ်တစ်အိမ်မှာ အမျိုးသမီး နှစ်ဦး မနေ့က မေလ ၂၀ ရက်ညပိုင်းကသတ်ဖြတ်ခံလိုက်ရပါတယ်။

သတ်ဖြတ်ပြီးနောက်အလောင်းမှာသွေးသောက်အဖွဲ့ရဲ့ အမှတ်အသားတံဆိပ်ကို ထားရှိသွားတယ်လို့သိရပါတယ်။ သတ်ခံရသူအမျိုးသမီး နှစ်ဦးဟာ သားအမိတွေတော်စပ်ကြပါတယ်။

စစ်အုပ်စုသတင်းတွေကို ဝါဒဖြန့်နေတဲ့ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွေမှာ သတ်ခံရတဲ့သားအမိတွေဟာ မြိုင် PDF အဖွဲ့က ရဲဘော်တစ်ဦးရဲ့ မအေနဲ့အမ ဖြစ်တယ်လို့ သတင်းဖြန့်နေတာတွေ့ရပါတယ်။

ဒါအပြင် သတ်ခံရသူ အမျိုးသမီးကြီးဟာ မြိုင် PDF ထောက်ပံ့မှုတွေလုပ်နေသူလို့ သတင်းဖြန့်ပါသေးတယ်။

သွေးသောက်ဆိုတဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း မန္တလေးမှာ လူသတ်မှုတွေနဲ့စတင်ပေါ်ထွက်လာခဲ့တာပါ။ မန္တလေးမှာ သွေးသောက်အဖွဲ့ လက်ချက်နဲ့သတ်ဖြတ်ခံရသူ ၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေဖြစ်ကြပါတယ်။

စစ်ကောင်စီကတော့ သွေးသောက်အဖွဲ့ဟာ သူတို့နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ငြင်းဆိုထားပါတယ်။

ဒါပေမယ့် သွေးသောက်အဖွဲ့လက်ချက်နဲ့သေဆုံးသူတွေကို လာရောက်ဖမ်းဆီးချိန်နဲ့အလောင်းစွန့်ပစ်ချိန်တွေမှာ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးအဖွဲ့တွေရဲ့ကားတွေကိုအသုံးပြုတာတွေရှိခဲ့တယ်ဆိုတာ မျက်မြင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး NLD က ကြေညာချက်ထုတ်ပြန်ထားဖူးပါတယ်။

မြေပြင်မှာလည်း သွေးသောက်အဖွဲ့က သတ်ဖြတ်မှုတွေ လုပ်နေပေမယ့် စစ်ကောင်စီက ဖမ်းမိတဲ့သတင်းထုတ်ပြန်တာမျိုး ထုတ်ပြန်တာမရှိသေးပါဘူး။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

ယနေ့(မေ ၁၉)နေ့လယ် ၂ နာရီ ၄၅ ခန့်က သာကေတမြို့နယ် (၈)ထိပ်မှတ်တိုင် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်တွင် သွေးသောက်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံရပြီး နားထင်တွင် သေနတ်ဒဏ်ရာနှစ်ချက်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

သတင်း

ပြတ်လပ်နေတဲ့ စက်သုံးဆီ အမျိုးအစား ဟာ 95 ၊ 92 ဖြစ်တယ်လို့ ဒီနေ့ စက်သုံးဆီဆိုင်တွေထံမှာ ဆီဖြည့်ခဲ့သူ တစ်ဦးက ပြောပြပါတယ်။

သတင်း

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တောပုရွာမှပျူစောထီးများသည် ကူတောပလ္လင်ရွာသို့ လာရောက်၍ သေနတ်များပစ်ဖောက်ပြီး ကြိမ်းမောင်းသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု မဟာမိတ်ညီနောင်အဖွဲ့ရဲဘော်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားပေါ်မှအဆင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ငါးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သားတစ်ဦးမှာ ခါးပိုင်းပြတ်ကျသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။