Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ ​ရေယာဥ်ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

▪️တစ်စီးဝမ်းဗိုက်ပေါက်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေ

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ၏ မော်တော်ယာဥ် ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ရာ မော်တော်ယာဥ်တစ်စီး ဝမ်းဗိုက်ပေါက်ပြီး စစ်ကောင် စီတပ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းတပ်ရင်း(၃)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ရေယာဥ်အုပ်စုကို ယနေ့(မေလ ၂၁ ရက်) နံနက် ၉နာရီခွဲခန့်က ရေမြှုပ်မိုင်းများ၊လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထိုသို့ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ မော်တော်တစ်စီး ၀မ်းဗိုက်ပေါက်သွားပြီး လက်ရှိတွင် နှင်းကြီးရွာတွင် ဆိုက်ကပ်ထားရပြီး စစ်ကောင်စီတပ်သား စနိုက်ပါနှစ်ဦးမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားသည်ဟု ဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

ထို့အပြင် ယခုလ ၈ရက်က စသာ(အထက်) ကျေးရွာ အနီး အကြမ်းဖက်စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲ၌ ပျူစောထီးနှစ်ဦး နှင့် စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ ပကဖ ရဲ​ဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရ ကြောင်းလည်း မင်းကင်းတပ်ရင်း(၃)က အသိပေးသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

"သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ"ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အရေအတွက်မှာ ဖန်းခါးဇင်းရှိ အိမ်ခြေ ၂၀၀တွင် အနည်းငယ်ကျန်၊ ချောင်းရိုးရှိ အိမ်ခြေ ၅၀၀တွင် အနည်းငယ်ကျန်ပြီး စိမ်းစားရှိ အိမ်ခြေ ၆၅ လုံးမှာ အားလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIO ခရိုင်အုပ်ချုပ်ရေးရုံးများနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ နုတ်ထွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း စာများ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်သူ့စစ်နှင့် ရဲများကို နုတ်ထွက်ခိုင်းခြင်းဖြစ်သည်။