Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်တပ်က အိမ်စီးကားတစ်စီးကိုပစ်ခတ်၍ ​ဆေး​ကျောင်းသားတစ်ဦးဦး​ခေါင်းထိ့မှန်​သေဆုံး

“ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

(စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ဆေးနေသည့် အကြမ်းဖက်အုပ်စုဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းတွင်စစ်ကောင်စီတပ်က မင်္ဂလာဆောင်သွားသည့် အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လူငယ်ဆေးကျောင်းသားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၂၀ ရက်နေ့)နံနက် ၈ နာရီခန့်က မန္တလေး-မုံရွာကားလမ်းမပေါ်တွင်မုံရွာမြို့နယ်၊ ကြေးမုံရွာသို့ မင်္ဂလာဆောင်သွားသည့် မိသားစု ​လေးဦးပါ အိမ်စီးကားတစ်စီးအား မြင်းမူမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရုတ်တရက်ထွက်လာပြီး ရပ်တန့်ခိုင်းကြောင်း၊ ကားမှာ ချက်ချင်းရပ်တန့်ရန်အဆင်မပြေ၍ အရှိန်ကြောင့်သွားနေစဥ်အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ကျည်ဆန်ထိမှန်သူမှာ ဆေးတက္ကသိုလ်-မန္တလေး၊၁၂/၂၀၁၇ Batch မှ ကျောင်းသား မောင်ကျော်ညီဇင်ဖြစ်ပြီး ဦးနှောက်ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။မောင်ကျော်ညီဇင်သည် ဓမ္မဘက်သို့ ပြတ်ပြတ်သားသားရပ်တည်ကာ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ခဲ့သူဖြစ်ကြောင်း ဆေးတက္ကသိုလ်-မန္တလေး(ကြားကာလ ယာယီကောင်စီ)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။

“ချောင်းဦးနဲ့မုံရွာကြားလို့လည်း ပြောတယ်။ စခတွေကဝီစီမှုတ်ပြီးတားတာအရှိန်လဲပါနေတာမို့ချက်ချင်းရပ်လို့မရသေးဘဲလမ်းဘေးကိုချပြီးရပ်တဲ့အချိန်မှာပစ်လိုက်တာပါ။ ကားမှန်ကနေဖောက်ဝင်ပြီးနောက်ခန်းမှာထိုင်နေတဲ့မိသားစုလေးယောက်ထဲကဒီကလေးခေါင်းကိုမှန်သွားတာပါ မုံရွာဆေးရုံကြီးမှာမနက် ၁၁ခွဲ ဆုံးသွားတာပါ။ ခုမှဆေးကျောင်းတတိယနှစ်တက်ရမယ့်ကလေးပါ။”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးတွင် မြို့နှင့်အနီးတဝိုက်နေရာများ၌ ခရီးသွားယာဥ်များအား အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးလေ့ရှိပြီး ရမ်းသမ်း ပစ်ခတ်မှုများလည်းမကြာခဏပြုလုပ်နေသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

မေလ ၁၆ ရက်က ဖာပွန်ခရိုင် ပိုဘော်ခိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ချခဲ့ပြီး အဆိုပါကျည်ဆံပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

သတင်း

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။