Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ်တလင်းမြို့နယ်တိုက်ပွဲနှစ်ကြိမ်တွင် စစ်​ကောင်စီတပ်သား ၁၂ဦး​သေဟုဆို

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ရာ စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ နတ်တလင်း (MRF-Nattalin)က ယနေ့(မေ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တောင်ညိုမြို့သစ် ကွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် ယခုလ ၁၃ရက် နံနက် ၈နာရီတွင် ကနဦး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(မေ ၂၀ ရက်) ညနေ ၃နာရီခွဲခန့်က ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားတွင် အင်အား ၁၃ ဦးပါ စစ်ကောင်စီအဖွဲ့ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဖော်ပြ သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို ဆက် လက်တိုက်ခိုက်သွားမည်ဟုလည်း MRF- Nattalinက ကြေညာသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နေ့စဉ်နီးပါးဆိုသလို တိုက်ပွဲများဖြစ်ပွားနေကာ စစ်အုပ်စုမှာ သေဆုံးသူများပြားနေကာ အထိနာနေ၍ အနီးအနားရှိ ပြည်သူများအား PDFများကို လက်ခံကူညီထောက်ပံ့နေသည်ဟု စွပ်စွဲကာ ကျေးရွာ ၉ရွာကို မောင်းထုတ်ခြင်း နှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

"သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ"ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

သတင်း

"ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

သတင်း

မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အရေအတွက်မှာ ဖန်းခါးဇင်းရှိ အိမ်ခြေ ၂၀၀တွင် အနည်းငယ်ကျန်၊ ချောင်းရိုးရှိ အိမ်ခြေ ၅၀၀တွင် အနည်းငယ်ကျန်ပြီး စိမ်းစားရှိ အိမ်ခြေ ၆၅ လုံးမှာ အားလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။