Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားသို့ တရားမဝင်သွားရောက်မည့် မြန်မာလုပ်သား ၂၀ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂၀ဦးကို ဆာဒါအိုဆေးရုံတွင် COVID-19 စစ်ဆေးစောင့် ကြည့်ရန် ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရေး ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်စတင်ရန် ဆာဒါအို ရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်သည်။

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် တရားမဝင် မြန်မာအလုပ်သမား ၂၀ဦးသည် ထိုင်း-မလေးရှားနယ်စပ်အနီးတွင် မေလ ၂၀ ရက် နံနက်အစောပိုင်းက ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး ၎င်းတို့အားလုံးတွင် ခရီးသွားလာခွင့်အထောက်အထားများစာရွက်စာတန်း မရှိဘဲ ထိုင်းနယ်စပ် ကျေးရွာတစ်ရွာအနီးတွင် ထိုင်းကင်းလှည့် စစ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

အထက်ပါမြန်မာနိုင်ငံသားများသည် မြို့နယ်အများအပြားမှဖြစ်ပြီး မလေးရှားသို့သွားရောက် အလုပ်လုပ် ကိုင်ရန် မျှော်လင့်ထားကြောင်းနှင့် ယခုခရီးစဉ်ကို စီစဉ်ပေးသော အလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၇,၀၀၀ (မြန်မာကျပ် ၂၃ သိန်းခန့်) ပေးခဲ့ရကြောင်း ယင်းရွှေ့ပြောင်း အလုပ်သမားများက ထွက်ဆိုသည်။

၎င်းတို့သည် ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် မဲဟောင်ဆောင်နှင့် ရနောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် နယ်စပ်တောလမ်းခရီးစဉ်ကို အသုံးပြုခဲ့ရပြီး မေလ ၁၈ ရက်တွင် အနက်ရောင် ဗန်ကားဖြင့် မလေးရှားသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၂၀ဦးကို ဆာဒါအိုဆေးရုံတွင် COVID-19 စစ်ဆေးစောင့် ကြည့်ရန် ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရေး ဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်စတင်ရန် ဆာဒါအို ရဲစခန်းသို့ လွှဲပြောင်းမည်ဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

အွန်လိုင်းမှတ်ပုံတင်ခြင်းအစီအစဉ်သည် လက်ရှိထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်ဖြစ်ပြီး အသစ်ရောက်ရှိလာသည့် အလုပ်သမားများအတွက် အကျုံးဝင်မည်မဟုတ်ကြောင်းPairoj Chotikasathien က ပြောသည်။

သတင်း

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

သတင်း

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့်တရာဝင် ထိ့​တွေ့ဆက်ဆံလာပြီး မြန်မာပြည်သူများကိုစာနာ​ကြောင်း​ပြောကြားထားသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကို နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါကယနေ့လာရောက်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့သည်။

သတင်း

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။