Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လမ်းဘေးထိုးကျ

“သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၁) သထုံခရိုင်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်ရာ စစ်ကားတစ်စီး လမ်းဘေးထိုးကျ၍ ထိခိုက်မှုများနိုင်ကြောင်း စစ်ဆင်ရေးတွင်ပါဝင်သူများက People’s Springသို့ အတည်ပြုသည်။

ယနေ့(မေ ၂၁ ရက်)နေ့လယ် ၁၂နာရီခွဲခန့်က ကျိုက်ထို မြို့၊ အင်္ဂဘိုကျေးရွာအနီး၌ စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသော စစ်ယာဉ်တန်းကိုအင်္ဂဘိုကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“မနက်ကတည်းက စစ်ကောင်စီကား ၃၅ စီး ရန်ကုန်ကနေ မော်လမြိုင်ဘက်ဦးတည်ပြီး ထွက်လာတယ်ဆိုတာ သိရတယ်။ဒါကြောင့် ကြိုစောင့်တိုက်တာ။ရှစ်စီးတွဲ ယာဥ်တန်းမှာ တစ်စီးက ပျက်နေသလိုဖြစ်တော့ သူနဲ့အတူ တစ်စီးက အတူတူတွဲမောင်းလာတယ်။ အဲဒီနှစ်စီးကို RPG အပါအဝင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်”ဟု ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

၁၀ မိနစ်ကျော်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီယာဥ်တစ်စီးလမ်းဘေးထိုးကျခဲ့ကာ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

“သူတို့ဘက်က ပစ်ကူတွေတောက်လျှောက်ထွက်လာတော့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ်ပြန်ပစ်တာ”ဟု စစ်ဆင်ရေးတွင်ပါဝင်သူက ပြောသည်။

သို့သော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမရှိ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

လက်ရှိစစ်ရေးအခြေအနေအရ KNU ထိန်းချုပ်နယ်မြေ များသို့ စစ်ကောင်စီက သာလွန်အင်အားဖြင့် ထိုးစစ်ဆင်ရန် အင်းအားဖြည့်တင်းနေပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သည့် နေရာကိုမဆို ရှောင်ရှားသွားလာပေးရန်လည်း အထက်ပါတာဝန်ရှိသူများက တိုက်တွန်းသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။