Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေသောင်ယံကမ်းခြေနေရာအချို့တွင်ရုပ်အလောင်းများ​တွေ့

ရွှေသောင်ယံမြို့နယ်ပိုင်နက်အတွင်း ဝက်သေကျေးရွာကမ်းစပ်တွင် ရုပ်အလောင်းအများဆုံး တွေ့ရခြင်းဖြစ်သည်။

(ငွေသောင်ယံကမ်းခြေ တစ်နေရာကို​တွေ့ရစဥ်။ပုံအ​ဟောင်းဖြစ်ပါသည်။)

ရွှေသောင်ယံကမ်းခြေနေရာအချို့တွင် လူ​သေရုပ်အလောင်းအချို့မျောပါလာသည်ကိုတွေ့ရပြီး ယနေ့ညနေအထိ ရုပ်အလောင်း ၂၀ခန့်​တွေ့ ရှိရ​ကြောင်း ဒေသခံများပြောသည်။

ရွှေသောင်ယံမြို့နယ်ပိုင်နက်အတွင်း ဝက်သေကျေးရွာကမ်းစပ်တွင် ရုပ်အလောင်းအများဆုံး တွေ့ရခြင်းဖြစ်သည်။

“မနေ့က ပင်လယ်မှာ စက်လှေမြုပ်တယ်လို့ ကြားတယ်။ ဒီနေ့မနက်မှာတော့ ရုပ်အလောင်းတွေ ကမ်းဘက်ကို မျောပါလာတယ်။ အခုတင် တစ်လောင်း ပါး(အ​လောင်းကမ်းကပ်လာသည်ကိုပါးသည်ဟု ဒေသခံများက သုံးနှုန်းသည်) တယ်ဆိုလို့ သွားဆယ်မလို့”ဟု ဒေသခံတစ်ဦးက ယနေ့(မေ ၂၂ရက်)မွန်းလွဲပိုင်းတွင် ပြောသည်။

Public Service Announcement

ရွှေသောင်ယံကမ်းခြေသည် ဘဂ်လားပင်လယ်အော်နှင့်ထိစပ်နေသလို ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်း ထိစပ်ရာ ဒေသလည်း ဖြစ်သည်။ ရိုဟင်ဂျာ ၉၀ ဦးခန့် လိုက်ပါလာပြီး ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာလာသော စက်လှေတစ်စီးသည် ပင်လယ်ထဲတွင် ယမန်နေ့ (မေလ၂၁ရက်)က တိမ်းမှောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။သို့​သော်အဆိုပါသတင်းအ​ပေါ် People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ယခုရက်ပိုင်းအတွင်း မြန်မာပင်လယ်ပြင်နှင့် နိုင်ငံ​ဒေသအချို့တွင် မိုးသက်​လေပြင်းတိုက်ခိုက်ခဲ့ပြီး မိုး​သည်းထန်စွာရွာသွန်းခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

"ဆိုင်ကယ်နဲ့ စျေးထွက်ဝယ်တာ။ ပြန်ရောက်မလာတော့ လူပျောက်ကြော်ငြာထားသေးတယ်။ ဆုတောင်းမပြည့်ခဲ့ပါဘူး။ ရင်ခွဲရုံမှာ အလောင်းပဲ ပြန်တွေ့တယ်"ဟု ကိုလျန်၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

သတင်း

မတ်လ ၈ရက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယင်းမာပင်နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ လက်ပံတောရွာတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးခဲ့သည်။

သတင်း

"ထွေအုပ်စာရေးမက CDMလုပ်ဖို့လာရှောင်နေတာကို ဒလန်သတင်းပေးက ခွေးစစ်အကြောင်း ကြားခေါ်ဖမ်းပြီး မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ထားခဲ့တယ်"ဟု Kawlin Revolution ကဆိုသည်။

သတင်း

ရုပ်အလောင်းအား သယ်ဆောင်ပေးသော မိုးဗြဲ PDF တော်လှန်ရေးရဲဘော်များအား KDFအဖွဲ့ ကိုယ်စား ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။