Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Eagles Army

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာမှ စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၏ Eagles Army- HPDFက သတင်းထုတ်ပြန်သည်။

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ – Eagles Army

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ကြောင်း အထိနာသည့် စစ်ကောင်စီတပ်များသည် ပြည်သူလူထု နေအိမ်များ၊ ထွန်စက်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

“ ဒီနေ့တော့ ထီးချိုင့်နယ် မြစ်အရှေ့ဘက်ကမ်းမှာ ထိတွေ့မှု ဖြစ်တယ်။ ကိုယ့်ဘက်ကတော့ ဘာမှတော့ ထိခိုက်မှုမရှိပါဘူး။ အခုလောလောဆယ်တော့ သူတို့က မနက်က ဖြစ်တဲ့နားတစ်ဝိုက်မှာ ရှိနေပါသေးတယ်။ အင်ဒေါင်းဘက်ပေါ့”ဟု ဒေသခံ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထီးချိုင့်နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိရာ ဒေသခံ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ပြုလုပ်နေ၍ ပြည်သူလူထု နေအိမ်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးမှုကြောင့် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် ၊ တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း ၁၀ရွာအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ - ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် - ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။