Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြားကာလ အခြေခံပညာ ပညာရေးဆန်းစစ် ချက်များမှာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့် ချိတ်ဆက်နိုင်မည်

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

တော်လှန်ရေးကာလ သင်ကြားပေးနေသော ကြားကာလအခြေခံပညာ ပညာရေးစစ်ဆေးဆန်းစစ်မှုရလဒ်များမှာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့်ပါ ချိတ် ဆက်နိုင်မည်ဖြစ်ကြောင်း အခြေခံပညာရေးညီလာခံကျင်းပရေးကော်မတီက ပြောသည်။

ထိုသို့ ချိတ်ဆက်သွားနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် လမ်းညွှန်ဂိုက်လိုင်းများမူကြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးညီလာခံသို့ ပေးပို့တင်သွင်းခဲ့ပြီး ယင်းမူကြမ်းအား ညီလာခံက လက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

“လက်ရှိမှာတော့ assessment သည် NUG/MOE ကနေပြီး အကြမ်းကိုပဲ ညီလာခံကိုတင်သွင်းတာဖြစ်ပြီးတော့ ညီလာခံမှာတက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ ဘယ်ဟာတွေပါသင့်တယ် နယ်မြေအလိုက်ပေါ့နော် ဒေသအလိုက်လိုအပ်တာတွေ၊ အကြံပြုခဲ့တာတွေ ရှိပါတယ်”ဟု ညီလာခံကျင်းပရေးကော် မတီကိုယ်စား CDM ကျောင်းဆရာ ကိုနောင်ချိုက ပြောသည်။

အခြေခံပညာကဏ္ဍ စစ်ဆေးဆန်းစစ်ချက်မူကြမ်းအား ညီလာခံကိုယ်စားလှယ်များ၏ အကြံပြုချက်များဖြည့်စွက်၍ လက်တွေ့အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစုအဖွဲ့နှင့် အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု ၎င်းကဆက်​ပြောသည်။

(​မြောင်မြို့နယ်တွင် ကြားကာလအ​ခြေခံပညာသင်ကြား​ရေးအစီအစဥ်ကို အ​ကောင်အထည်​ဖော်​နေစဥ်။ ဓါတ်ပုံ- MEN)

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကြားကာလအခြေခံပညာသင်ကြားရေးအား အကောင် အ ထည်ဖော်လျက်ရှိရာ စိုးမိုးနယ်မြေများ၌ ကျောင်းများဖွင့်လှစ်သင်ကြားခြင်း၊ အွန်လိုင်းအခြေပြု Home Education အစီအစဥ်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

မေလ ၁၇ရက်က ကျင်းပခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာနက ကြား ကာလ မြို့နယ်တရားရုံးများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့မှုများ ရှိသည်ဟု NUGက ထုတ်ပြန်ထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

သတင်း

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

သတင်း

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။