Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ရိက္ခာတင်စစ်သင်္ဘော ၃စီးကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရာ ၁စီးပျက်စီးဟုမြို့လှ PDFထုတ်ပြန်

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်​ကောင်စီသင်္ဘောတစ်စင်း ။ ဓါတ်ပုံ-မြို့လှPDF)

●သင်္ဘောလုံခြုံရေးစစ်ကြောင်းနှင့်လည်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကသာမြို့မှ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်စစ်သင်္ဘော ၃ စီးအား ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျေးရွာအနီး လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားပြီး သင်္ဘော ၁စီး ကိုလည်း လက်နက်ထိမှန်ရာ စက်ချို့ယွင်းသွားသည်ဟု ဖော်ပြထားသည်။

အဆိုပါ သင်္ဘောကို ကျန်သင်္ဘောဖြင့်တွဲကာ မိုးတားလေးဆိပ်ကမ်း၌ ဆိုက်ကပ်ထားရကြောင်း ထုတ်ပြန်သည်။

ယနေ့မနက်ကလည်း စစ်ကောင်စီသင်္ဘောလုံခြုံရေးအတွက်မြစ်ကမ်းတစ်လျှောက်ခြေလျှင်စစ်ကြောင်းထိုးလာသော စကစအင်အားတစ်ရာကျော်ခန့်ကိုကသာ- အထက်ဘက် မိုးတားလေး မြေနုရွာအနီးအရောက်တွင်ဒေသကာကွယ်ရေး တပ်များနှင့်နာရီဝက်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်မှ ထိခိုက်မှု ရှိနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသကာကွယ်ရေးတပ်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မယ်သဲကြိုးကွင်းရွာမှ ကင်မွန်းတော်ရွာသို့ ပြန်လာသော အကြမ်းဖက်အဖွဲ့ကို CHU PDF တပ်ခွဲ ၁ နှင့် မိုင်းတပ်ခွဲမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

သတင်း

မေလ၈ ရက်ကလည်း MSPDF နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်​ပြေးသွားကြောင်း ဒေသခံများက ပြောသည်။