Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြေ​တော်ရဲစခန်းမှ​ဈေး​ဝယ်ထွက်လာ​သောရဲများကို PDF တိုက်ခိုက် ၃ ဦး​သေ ၊ ၂ ဦးဒဏ်ရာအပြင်းအထန်ရ

တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်​ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

(စစ်​ကောင်စီရဲများထံမှသိမ်းဆည်းရမိ​သောလက်နက်၊ ဗုံးသီး၊ကျည်နှင့် ​ငွေသားအချို့ ။ ။ဓါတ်ပုံ-YSO. I S A)

●တိုက်ခိုက်ခံရပြီး​နောက်​နေ့တွင် ​မြေ​တော်ရဲစခန်းမှစစ်သားနှင့်ရဲများ စခန်းကိုစွန့်ခွာထွက်​ပြေး

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊မြေတော်ရဲစခန်းမှ စျေးဝယ်ထွက်လာသည့် စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးကြောင်း YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၃ ရက်နေ့) နံနက် ၁၀နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲ ၇ဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ၃ဦး သေဆုံးပြီး ၂ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း YSO.I S A အဖွဲ့က ပြောသည်။

(စစ်​ကောင်စီရဲများထံမှသိမ်းဆည်းရမိ​သောလက်နက်၊ ဗုံးသီး၊ကျည်နှင့် ​ငွေသားအချို့ ။ ။ဓါတ်ပုံ-YSO. I S A)

ထို့အပြင် G3 ​သေနတ် ၂လက်၊G3ကျည် ၃၅တောင့်နှင့် လက်ပစ်ဗုံး ၁လုံး၊ဖုန်း ၂လုံး၊ ​ ငွေ-၃၁၄၅၀ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း YSO.I S A အဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)၊MGN-Tiger၊ Bagan Nyaung Oo PDF၊ Black Wolf PDF -Mdy မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်​ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာပေါင်းများစွာမှ အိမ်ခြေပေါင်းရာချီမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

သတင်း

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ထိတွေ့တိုက်ပွဲတွင် ချိုမိုင်မိုင်အဖွဲ့မှ ရဲဘော်အားလုံး ဘေးကင်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး စာရင်းအတိအကျမသိရသေးကြောင်းဖော်ပြသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မီနှုတ်ထွက်နှင့် လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း စစ်ဆင်ရေးတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သီးခြားထုတ်ပြန်ထားသည်။