Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူ​စောထီး​ခေါင်း​ဆောင်တစ်ဦး မိုးကြိုးပစ်ခံရ၍သေ

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းနေစဥ် စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

“မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်။ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ။ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ။ ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်။ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ။” လို့ ဒေသခံတစ်ဦးကစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်ကလည်းမန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိခဲ့ပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာများရရှိခဲ့သည်။ မိုးကြိုးပစ်​သောအိမ်မှာ နွယ်ရုံ​​ကျေးရွာရှိ စစ်​ကောင်စီလက်​အောက်ရှိရာအိမ်မှူး ထွန်းထွန်းဦး​နေအိမ်တွင်ဖြစ်​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

“ရာအိမ်မှူးအိမ် က‌​လေးမွေးနေ့ပွဲ ဝိုင်းကူပေးနေကြရင်းအပစ်ခံရတာ သူ့မိသားစုတွေတော့မထိဘူး”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက တကူရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးတဝှိုက်ရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင် စသည့် ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

သတင်း

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

သတင်း

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

သတင်း

ပျူစောထီးခေါင်ဆောင်ဌေးအောင်သည် ဒေသတွင်းနီစပ်ရာကျေးရွာများရှိ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်း၊လူသတ်ခြင်း၊နေအိမ်မီးရှို့ခြင်းနှင့် ဖမ်းဆီးငွေညှစ်မှုများစွာပြုလုပ်ထားသူ အဖြစ် တော်လှန်ရေးအင်အားစုများက သတ်မှတ်ထားသည်။