Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာ​သောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်​ပြေး

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

ကျန်​နေခဲ့​သော လက်ထိပ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးကြောင်း ဝမ်းတွင်းမြို့နယ်၊တော်လှန်ရေးအင်
အားစု WTRF က ပြောသည်။

ယနေ့ (မေလ ၂၁ ရက်နေ့) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနောက်ဖက် ၁၀မိုင်၊ အမြန်လမ်းအရှေ့ဖက် ၇မိုင်အကွာရှိ ကုလားရွာသို့ ရဲနှစ်ဦး ဆိုင်ကယ်တစ်စီးစီ​ဖြင့် ကင်းလှည့်လာစဉ် တိုက်ခိုက်ခဲ့ခြင်း​ဖြစ်ကြောင်း WTRF က ပြောသည်။

ကျန်​နေခဲ့​သော ဆိုင်ကယ်

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

“ဝမ်းတွင်းမြို့နယ် ကုလားရွာကျေးရွာ ကို လာတဲ့ ရဲ​​ွေး၂ကောင်ကို လမ်းက ဖြတ်တိုက်တာပါ။ ဆိုင်ကယ်တစ်ယောက်တစ်စီး လာတာ ဒဏ်ရာတွေနဲ့ အော်ပြီး ၂ယောက်တစ်စီး မောင်းပြေးသွားတာ။ အသက်ငင်နေပါပြီ။ ပင်းတလဲ ရဲစခန်းဝမ်းတွင်းရဲစခန်းနဲ့ သိပ်မဝေးလို့ လုံခြုံရေးအရ ဆုတ်ခဲ့ရတယ်။ ထပ်မံသိရတာက တစ်ဦးသေဆုံးပါတယ်” ဟု WTRF တာဝန်ရှိသူက People’s Spring သို့ပြောသည်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRF သည် မေလ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် သဲတောရွာအနီးတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIO ခရိုင်အုပ်ချုပ်ရေးရုံးများနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ နုတ်ထွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း စာများ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်သူ့စစ်နှင့် ရဲများကို နုတ်ထွက်ခိုင်းခြင်းဖြစ်သည်။

သတင်း

"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး"စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People's Springသို့ မေလ၈ရက်က ပြောထားသည်။

သတင်း

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

သတင်း

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း - တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ - ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။