Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ဂန့်ဂေါ – ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း) သတိပေး

ယမန်နေ့က ရဟတ်ယာဉ်များဖြင့် ၂နာရီခန့်ပစ်ခတ်ပြီးနောက် ဘုရားကုန်း(ဆည်ဦးစေတီ) တွင် စစ်ကောင်စီတပ်သား ၁၀၀ခန့် တပ်စွဲလိုက်သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က အသိပေးထားသည်။

(ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ – ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၂၇ ရက်)ထုတ်ပြန်သည်။

ထို့အပြင် ရဟတ်ယာဉ်များ ၊လက်နက်ကြီး၊လက်နက်ငယ်များ တရစပ်ပစ်ခတ်နေသည့်ကြားမှ မိမိအသက်ကို ပဓာနမထားပဲ ရဲဝံ့စွာပြန်လည်တိုက်ခိုက်ခုခံရင်း ကျဆုံးသွားသော ရဲဘော်များအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း အသိပေးသည်။

“ဒီနေ့ကတော့ တိုက်ပွဲ ခဏငြိမ်နေသေးတယ်။ဒါပေမယ်လို့ သူတို့ဘက်က အင်အား ၁၀၀ လောက်နဲ့တပ်စွဲလာပြီ ဆိုတော့ ရှေ့လျှောက်တိုက်ပွဲက အချိန်မရွေးဖြစ်လာဖို့ရှိတယ်”ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

(ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

ယမန်နေ့(မေ ၂၆ ရက်) နံနက် ၁၁နာရီခန့်တွင် ဂန့်ဂေါ တောင်ပိုင်းရှိ မြစ်သာတမံဧည့်ရိပ်သာတွင်တပ်စွဲထားသော PDFနှင့်YDFစခန်းများရှိရာသို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ် ယာဉ် ငါးစီးခန့်အသုံးပြုကာ လက်နက်ကြီး၊လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် PDFရဲဘော်များသည် လက်နက်အင်အားမမျှသဖြင့် ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ဆုတ်ခွာလာခဲ့ရကြောင်း အသိပေးသည်။

ယမန်နေ့က ရဟတ်ယာဉ်များဖြင့် ၂နာရီခန့်ပစ်ခတ်ပြီးနောက် ဘုရားကုန်း(ဆည်ဦးစေတီ) တွင် စစ်ကောင်စီတပ်သား ၁၀၀ခန့် တပ်စွဲလိုက်သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က အသိပေးထားသည်။

ယခုအခါ ​မြစ်သာဆည်ပေါ်တစ်ဝိုက်တွင် ကင်းပုန်းများတောက်လျှောက်ချထားပြီး တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ပြောသည်။

(ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

ယမန်နေ့က အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုတွင် ရဲဘော်ခုနှစ်ဦးထက် မနည်းကျဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့်လည်း လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြုနေထိုင်ရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကြောင့် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ရွာတို့မှ ပြည်သူများ ထွက်ပြေးနေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

သတင်း

"YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ"ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။